နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

နတ်တလင်း ဇန်နဝါရီ ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲ၌ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့ နယ်(အနောက်ခြမ်း)ကုန်းသာကျေး ရွာအုပ်စု ခင်ဇေယျကျေးရွာ ဦးသက်နိုင်ဦး (ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ) နေအိမ် တွင် ကျင်းပခဲ့သည်။

မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြစိုး၊ မြို့နယ်အရန်ကော်မတီ ဝင်ဦးမောင်ခိုင်၊ ဦးသက်နိုင်ဦးနှင့် ဦးတင်ဝင်း(ရပ်မိရပ်ဖ ကရင်ကုန်း ရွာ ကုန်းသာအုပ်စု)တို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်ကော် မတီဝင် ဦးကျော်မင်းထွန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြစိုး၊ အတွင်းရေး မှူး ဦးကျော်မင်းထွဋ်၊ ဦးသက်နိုင် ဦးနှင့် ရပ်မိရပ်ဖသုံးဦးတို့က ပြည် ခိုင်ဖြိုးပါတီဆိုင်းဘုတ်အားအောင် သပြေပန်းဖြင့် အမွှေးနံ့သာများပက် ဖျန်းပေးကြသည်။ ဆိုင်းဘုတ်တင် ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူ ၁ဝဝ ခန့်အား လက် ဖက်ရည်၊ မုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကြပြီး နံနက် ၁ဝ နာရီ တွင် ပြီးစီးခဲ့ကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)