ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ပါတီဆိုင်းဘုတ်တင်ပွဲနှင့်ရပ်ကျေးဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲပြွန်တန်ဆာမြို့၌ကျင်းပ

 

ညောင်လေးပင် ဇန်နဝါရီ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရပ်ကွက်ပါတီဆိုင်းဘုတ် တင်ပွဲနှင့်ရပ်ကျေးဥက္ကဋ္ဌ တာဝန် ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၂) ရပ်ကွက်၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ညောင်လေးပင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးကျော်ဌေးက အဖွင့်အမှာစကားနှင့်ပါတီရုံးဖွင့်လှစ် ရခြင်းရည်ရွယ်ချက်နှင့်ရှေ့လုပ်ငန်း စဉ်များကိုရှင်းလင်းပြောကြားပြီး ရပ်ကျေးဥက္ကဋ္ဌခန့်အပ်လွှာအား ပေးအပ်ခဲ့သည်။

ထို့နောက်ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရပ်ကျေး ဥက္ကဋ္ဌဦးချစ်သန်းက ကျေးဇူးတင် စကားပြောကြားပြီး မင်္ဂလာအချိန် တွင် ပါတီဆိုင်းဘုတ်အား မြို့နယ် ပါတီဥက္ကဋ္ဌဦးကျော်ဌေးနှင့်အတွင်း ရေးမှူးဦးမြင့်စိုး၊ ရပ်ကွက်ဥက္ကဋ္ဌ ဦးချစ်သန်းတို့က ဆိုင်းဘုတ်တင် ပေးကာ အမွှေးနံ့သာများပက်ဖျန်း ပေးခဲ့ကြသည်။

ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ် ပါတီဥက္ကဋ္ဌဦးကျော်ဌေး၊ အတွင်း ရေးမှူးဦးမြင့်စိုး၊ ရပ်ကွက်ဥက္ကဋ္ဌ ဦးချစ်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ် နှင့်ရပ်ကျေးပါတီကော်မတီဝင်များ၊ အမာခံများ စုံညီစွာတက်ရောက် ခဲ့ကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)