တောင်ငူမြို့နယ် ပဲပုတ်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

တောင်ငူ ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် တောင်ငူမြို့နယ် ဇီးဒိုင်းကျေး ရွာအုပ်စု ပဲပုတ်ကျေးရွာ ဒုတိယ ဥက္ကဋ္ဌ ဦးသန်း နေအိမ်၌ ယမန်နေ့ နံနက် ၉နနာရီက ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တောင်ငူမြို့နယ်ပါတီဥက္ကဋ္ဌဦးမောင် မောင်စိုး၊အတွင်းရေးမှူး ဦးကျော် မင်းနိုင်နှင့်မြို့နယ်ကော် မတီဝင် များ၊အမျိုးသမီးရေးရာ အဖွဲ့ဝင် များ၊ ရပ်/ကျေးပါတီဝင် မိသားစု များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ရှေးဦးစွာ မြို့နယ်ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက အမွှေးနံ့သာရည်ပက်ဖျန်း၍ ဆိုင်း ဘုတ်စိုက်ထူပေးခဲ့ပြီး အခမ်းအနား ကို နံနက် ၁ဝ နာရီတွင် အောင် မြင်စွာ ရုပ်သိမ်းခဲ့သည်။