အုတ်တွင်းမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး အုတ် တွင်းမြို့နယ်ရှိ ပြည်ခိုင်ဖြိုးရုံးတွင် ယမန်နေ့ နံနက် ၉ နာရီက ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းနှင့် ဗဟိုကော်မတီဝင်များကအုတ်တွင်း မြို့နယ်အမှတ်(၁)မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ရွေးချယ်ခံမည့်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် မဲအောင်နိုင်ရေးအတွက်အမှတ်(၁) နယ်မြေရှိ အောင်နိုင်ရေးအဖွဲ့များ နှင့်တွေ့ဆုံပြီးမဲအောင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ပြည်သူ၏ဆန္ဒဖော်ဆောင်လို၍ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံရခြင်းဖြစ်

ကျောက်တံခါး စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် အုတ်တွင်းမြို့နယ် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည် ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည့် လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးဝင်းမြင့်သည် နေ့စဉ်ပြည်သူနှင့်တွေ့ဆုံကာ မဲ ဆွယ်စည်းရုံးလျက်ရှိသည်။

အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

အုတ်တွင်း၊ စက်တင်ဘာ ၁၇

ဆီဆွမ်းလောင်းလှူပွဲ သီဟသွေးလူငယ်အဖွဲ့ပါဝင်လှူဒါန်း

 

ပဲခူး စက်တင်ဘာ ၁၆

ပဲခူးမြို့နယ် အင်းတကော်မြို့တွင် ယမန်နေ့မွန်းတည့် ၁၂ နာရီက သံဃာတော်အရှင်သူမြတ်များအား စတုတ္ထအကြိမ်မြောက် စုပေါင်း ဆီဆွမ်းလောင်းလှူပွဲကျင်းပသည်။

အဆိုပါ ဆီဆွမ်းလောင်းလှူပွဲတွင် ဆရာတော်၊ သံဃာတော် အရှင် သူမြတ်အပါး ၃၁ဝ တို့က အင်းတကော်မြို့အဝင် တောင်ကိုးလုံးရှေ့မှ စတင်ပြီး မြို့အထွက် အမှတ်(၁ဝ၁)ခြေမြန်တပ်ရင်းရှေ့အထိ ကြွရောက် တော်မူရာ ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်၍ ပဲခူးသီဟသွေးလူငယ်များမှ ဆီပိဿာချိန် ၁၅ဝ ကျော် ပါဝင်လောင်းလှူခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ခြင်မှဖြစ်ပွားသောရောဂါမဖြစ်ပွားစေရေး ခြင်ဆေးပက်ဖျန်း

 

ပဲခူး စက်တင်ဘာ ၁၂

ရဟန်းရှင်လူပြည်သူများနှင့် ကျောင်း သားကျောင်းသူများ ခြင်မှဖြစ်ပွားသော ရောဂါများ ဖြစ်ပွားမှုမဖြစ်စေရေးနှင့် ခြင်အန္တရာယ်မှကင်းဝေးစေရေးအတွက် ပဲခူး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း မြင့်အောင်၏လမ်းညွှန်ချက်အရ မြို့နယ် ပါတီအတွင်းရေးမှူး ဦးမင်းခန့်ကျော် အနီးကပ်ကြီးကြပ်ကာ မြို့နယ်ကော်မတီ ဝင်များနှင့် လူငယ်အဖွဲ့များသည် ယမန်နေ့ မွန်းလွဲပိုင်းက သံစို့ပင်ကျေးရွာ အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)နှင့် သံစို့ ပင်ဘုန်းတော်ကြီးကျောင်း၊ ဝင်္ဂဘော် သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် ကျေးရွာဆေးပေးခန်းတို့အား သွားရောက်ပြီး ခြင်ဆေးများဖျန်းပေးခဲ့ ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီပုံမှန်အစည်းအဝေးပွဲကျင်းပ

 

ကြို့ပင်ကောက် စက်တင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၁ဝ နာရီတွင် မြို့နယ်ပါတီရုံး၌ ပုံမှန်လစဉ်အစည်းအဝေးကို ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသန်းဇော်ထွန်းတက်ရောက်ကာ ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး ခရိုင်ပါတီကော်မတီဝင် ဦးကျော်မင်းထွန်းကလည်း ဆွေးနွေးသည်။

အုတ်တွင်းပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးတွေ့ဆုံညှိနှိုင်း

 

12 – 9 – 2018 ရက်နေ့ 10:00 နာရီ အချိန်တွင် အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင်ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးညီညီမြင့် တိုင်းပါတီ ဘဏ္ဍာရေးမှူး ဦးသန်းဌေး တိုင်းကော်မတီဝင် ဦးရဲမြင့်ထွန်းနှင့်ဦးအောင်ဝင်းထွန်း တို့သည်အုတ်တွင်းမြို့နယ် ပါတီဥက္ကဌ မြို့နယ်ပါတီ ကော်မတီဝင်များ နှင့် တွေ့ဆုံ၍ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆွေးနွေးကြကြောင်း သတင်းရရှိပါသည် ။

အုတ်​တွင်းမြို့နယ်​ ​ပြည်​ခိုင်​ဖြိုးကိုယ်​စားလှယ်​​လောင်း ​ကျောင်းရှစ်​ဆယ်​​ကျေးရွာရှိ မဲဆန္ဒရှင်​ မိဘပြည်​သူများနှင့်​​တွေ့ဆုံ

 

၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ ပဲခူးတိုင်း​ဒေသကြီး(အ​ရှေ့ပိုင်း) ​တောင်​ငူခရိုင်​၊ အုတ်​တွင်းမြို့နယ်​ အမှတ်​ (၁) မဲဆန္ဒနယ်​​မြေတွင်​ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့်​သည်​ ယ​နေ့ စက်​တင်​ဘာလ ၉ ရက်​​နေ့ နံနက်​ ၉ နာရီအချိန်​တွင်​ အုတ်​တွင်းမြို့နယ်​ ​ကျောင်းရှစ်​ဆယ်​​ကျေးရွာအုပ်​စု ကျောင်းရှစ်ဆယ်ကျေးရွာရှိ မဲဆန္ဒရှင်​ မိဘပြည်​သူများနှင့်​​တွေ့ဆုံကာ မဲဆွယ်​စည်းရုံး​ရေးစကားများ​ပြောကြားခဲ့သည်​။