မင်းလှ၌ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအောင်မြင်စွာကျင်းပ

 

မင်းလှ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲအခမ်းအနားကို မင်းလှပြည်ခိုင် ဖြိုးပါတီ ရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက အစီ အစဉ်သုံးရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ အခမ်းအနားကို မြန်မာနိုင်ငံ တော်အလံအားအလေးပြုကာ နိုင်ငံတော် သီချင်းသီဆိုဖွင့်လှစ်ပြီး မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူးဦးထက်ဝင်းက အဖွင့် အမှာစကားပြောကြားသည်။ ခရိုင်ပြည်ခိုင် ဖြိုးအမျိုးသမီးရေးရာတာဝန်ခံဒေါ်အေးအေး ခိုင်က ဗဟိုအမျိုးသမီးညီလာခံကျင်းပ ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ သည်။
ဆက်လက်၍ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာများမှ အမျိုးသမီးကိုယ် စားလှယ်များက အုပ်စုအစုအဖွဲ့လေးစုခွဲ ပြီး စာတမ်းများရေးသားခဲ့ကြသည်။

ထို့နောက်ရပ်ကွက်/ကျေးရွာအမျိုးသမီး ကိုယ်စားလှယ်များဖြစ်သော မငုဝုလှိုင်က မြန်မာအမျိုးသမီးများနှင့်မြန်မာ့နိုင်ငံရေးမြှင့် တင်ရေးအခန်းကဏ္ဍစာတမ်းကိုလည်းကောင်း၊ မဥမ္မာအောင်က အမျိုးသမီးများအတွက် အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေး၊အမျိုး သမီးများ၏အခွင့်အရေးများကို ရိုးရာယဉ် ကျေးမှုဓလေ့ထုံးစံနှင့်အညီအကောင်အထည် ဖော်ဆောင်ရွက်ရေးစာတမ်းကိုလည်းကောင်း၊ မစမ်းယဉ်ဦးက အမျိုးသမီးများဘဝ လုံခြုံ မှု၊ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးစာတမ်းကိုလည်းကောင်း၊ မသိင်္ဂီစိုးက အမျိုးသမီးပါတီဝင်အသစ်များ စုဆောင်းခြင်းနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများအားစဉ်ဆက်မပြတ်လေ့ကျင့် ပျိုးထောင်ရေး စသောစာတမ်းများကို တင် သွင်းခဲ့ကြောင်း သိရသည်။

သဘာပတိအဖွဲ့ဝင် ငါးဦးတို့က တက်ရောက်လာသော အမျိုးသမီးညီလာခံ ကိုယ်စားလှယ်များထံမှ အတည်ပြုချက်၊ ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို သဘောတူရယူခဲ့ပြီး အတည်ပြုကြောင်း ကြေညာပေးခဲ့သည်။

အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အတွင်းရေးမှူးဦးဇော်ဝေလင်း၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ြွဥ အဖွဲ့အစည်းများ စုပေါင်းအင်အား ၂၅ဝ တက်ရောက်ခဲ့ပြီး အခမ်းအနားကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးကနိဂုံးချုပ် နှင့်ကျေးဇူးတင်စကားပြောကြားပြီးပြည်ခိုင် ဖြိုးဟေ့တေးသီချင်းဖြင့် သီဆိုပြီး ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)