ရီယိုအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဗြိတိန်ကစားသမား နော်ရီ ချန်ပီယံဆုသိမ်းပိုက်

ဘရာဇီးလ်နိုင်ငံ ရီယိုအိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပရာ ကမ္ဘာ့အဆင့် ၁၂ ရှိ ဗြိတိန်ကစားသမား ကမ်မရွန်းနော်ရီက ကမ္ဘာ့အဆင့် ၂ ကစားသမားဖြစ်သူ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ၅-၇၊ ၆-၄၊ ၇-၅ ရလဒ်တွေနဲ့ အနိုင်ရရှိပြီး ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဆွီဒင်တုတ်ထောက်ခုန်ကစားသမား ကမ္ဘာ့စံချိန်သစ်တင်

ဆွီဒင်နိုင်ငံက တုတ်ထောက်ခုန်အားကစားသမား အာမန်ဒပ်ပလန်းတစ်ဟာ သူကိုယ်တိုင် တင်ထားတဲ့ အရင်ကမ္ဘာ့စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး ၆ ဒသမ ၂၂ မီတာအမြင့်နဲ့အတူ ဖေဖော်ဝါရီ ၂၅ ရက်က ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ကလယ်မွန့် ဖယ်ရန်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပြေးခုန်ပစ် Indoor Tour Silver ပြိုင်ပွဲက တုတ်ထောက်ခုန် ကမ္ဘာ့စံချိန်ဟောင်း ၆ ဒသမ ၂၁ မီတာအမြင့်ကို ဒပ်ပလန်းတစ်ကပဲ ပိုင်ဆိုင်ထားတာပါ။

၂၀၂၃ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲဝင်ကလပ်အသင်းများအား ထောက်ပံ့ကြေးကျပ်သိန်း ၅၀၀ စီပေးမည

၂၀၂၃ ဘောလုံးရာသီတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာနေရှင်လိဂ်-၁ ပြိုင်ပွဲဝင်အသင်းများအား တစ်သင်းလျင် ထောက်ပံ့ကြေးကျပ်သိန်း ၅၀၀ စီပေးမည်ဟု ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီကပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး ၁/၂၀၂၃ မှဆုံးဖြတ်ခဲ့သည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ကလပ်အသင်းများကိုလည်း တစ်သင်းလျင် ထောက်ပံ့ကြေးကျပ်သိန်း ၂၀၀ စီ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများအား တစ်သင်းလျင် ထောက်ပံကြေးကျပ်သိန်း ၁၅၀ စီ ထောက်ပံ့သွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းနဲ့ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာ မန်ယူနိုက်တက်က ၂ ဂိုး ဂိုးမရှိ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး အချိန် ၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်တဲ့နေ့မှာ ရိုးရာအဆင်အယင် အပြည့်အစုံနဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ စီရော်နယ်ဒို

မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ၁၇၂၇ ခုနစ်တုန်းက အီမာန် မိုဟာမက် ဘင်ဆာ့ဒ်ကနေပြီး နိုင်ငံစတင်တည်ထောင်ခဲ့တာကို အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထား ဖြစ်ပါတယ်။ အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး နိုင်ငံတစ်ဝန်ူမှာ ပျော်ပွဲရွှင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်ပေးလေ့ရှိပါတဘ်။

ဘာစီလိုနာကို အနိုင်ယူပြီး မန်ယူနိုက်တက် ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်

ယူရိုပါလိဂ် (၃၂) သင်းအ‌ဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် မန်ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ အိုလ်းထရပ်ဖိုစ့်ကွင်းမှာ ယှဉ်ပြိုင်ကစားရာမှာ မန်ယူနိုက်တက်က ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဘာစီလိုနာကို အနိုင်ရခဲ့ပြီး (၁၆) သင်းရှုံးထွက် အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန်နှင့်အတူ ချက်ရှိုင်းယားစားသောက်ဆိုင်တွင် လက်ရှိမန်ယူအသင်းနည်းပြ တန်ဟက်ဂ် တွေ့ဆုံကာ ညစာအတူစားခဲ့

လက်ရှိ မန်ယူအသင်းနည်းပြ တန်ဟက်ဂ်သည် အသင်း၏ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နှင့် တွေ့ဆုံကာ ချက်ရှိုင်းယားရှိ အီတလီစားသောက်ဆိုင်တစ်ခုတွင် ပြီးခဲ့သည့် တနင်္လာနေ့က ညစာအတူစားခဲ့ကြကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့သည်။

ဒတ်ချ်လူမျိုးနည်းပြ တန်ဟက်ဂ်သည် ယခုရာသီတွင် မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာပင် အသင်းကို ချန်ပီယံဆုများ စိန်ခေါ် နိုင်အောင် စွမ်းဆောင်ပေးထားသူဖြစ်သည်။

ရေသန့်ဘူးရောင်းရတဲ့ ဘဝကနေ ဥရောပရဲ့ထိပ်တန်းတိုက်စစ်မှူး ဖြစ်လာသူ အိုဆီမန်

သူ့ငယ်ငယ်လေးကတည်းက သူ့အမေ ဆုံးသွားတယ်။ သူ့အမေ ဆုံးပြီး နောက် ၃ လကြာတော့ သူ့အဖေ အလုပ်ပြုတ်တယ်။ စားဝတ်နေရေးအတွက် သူတို့ မောင်နှမတွေ ရုန်းကန်ခဲ့ရတာပေါ့။ သူ့အစ်ကိုက အားကစားစာစောင် ရောင်းတယ်။ သူ့အစ်မက လိမ္မော်သီးရောင်းတယ်။

အာဂျင်တီးနားတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၂ အယ်လ်ကာရက်ဇ် ဗိုလ်စွဲ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် ၂ တင်းနစ်ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၁၂ တင်းနစ်ကစားသမား ကမ်မရွန်း နော်ရီကို ဖေဖော်ဝါရီ ၁၉ ရက်မှာ အနိုင်ရသွားပါတယ်။ ဒါဟာ စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ်အတွက် ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံး ရယူနိုင်ခဲ့တဲ့ ချန်ပီယံဆု ဖြစ်လာပါတယ်။