အိုဆင်မန်အတွက် နာပိုလီအသင်း ပေါင်သန်း(၁၅၀) အလိုရှိနေ

နာပိုလီအသင်းသည် ယခုရာသီတွင် ခြေစွမ်းပြနေသည့် ၎င်းတို့တိုက်စစ်မှူး အိုဆင်မန်အတွက် ပေါင်သန်း (၁၅၀)အထိ အလိုရှိနေကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့သည် အိုဆင်မန်ကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး လာမည့်အပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းဖွယ်ရှိနေသည်။

အိုဆင်မန်သည် နာပိုလီအသင်းနှင့် (၃)ရာသီမြောက်ကိုဖြတ်သန်းနေသူဖြစ်ပြီး စုစုပေါင်းပြိုင်ပွဲစုံ (၉၁)ပွဲကစားကာ (၅၃)ဂိုးသွင်းယူပေးထားသည်။

အာဆင်နယ် မှ ဂျပန်နောက်ခံလူ တိုမီယာဆု ရာသီကုန်အထိ နားရမယ်

ပရီးမီးယားလိဂ်ကိုဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက ဂျပန်နောက်တန်းလူ တာကီဟီရို တိုမီယာဆု ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ရာသီကုန်အထိ အနားယူရမှာ ဖြစ်ကြောင်း အာဆင်နယ် အသင်းက ပြောကြားပါတယ်။

ညာ နောက်တန်းလူ တိုမီယာဆု က အာဆင်နယ် နဲ့ စပို့တင်း တို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်ရဲ့ အချိန် ကိုးမိနစ်မှာပဲ ပုံမကျ ပန်းမကျ ချော်လဲကျခဲ့ရာကနေ သူ့ ဒူးကို ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။

အင်ဒီးယန်းဝဲလ်မာစတာပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည့် အယ်လ်ကာရက်ဇ် ကမ္ဘာ့အဆင့် ၁ နေရာ ပြန်လည်လွှဲပြောင်းရယူ

အင်ဒီးယန်းဝဲလ်မာစတာဟု လူသိများသည့် ၂၀၂၃ BNP Paribas Open တင်းနစ်ပြိုင်ပွဲတွင် စပိန်ကြယ်ပွင့်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ် ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရ သည်။

အသက် ၁၉ နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ်သည် ယခုပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဆားဘီးယားကစားသမား ဂျိုကိုဗစ် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာမရသဖြင့် ဆီဒင် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဗိုလ်လုပွဲတွင် ရုရှားကစားသမား မက်ဗီဒက်ဗ်(ဆီဒင် ၅) နှင့် တွေ့ဆုံခဲ့သည်။

နော်ဝေလက်ရွေးစင်အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့ ဟာလန်း

မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားမယ့် နော်ဝေအသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ နော်ဝေအသင်းဟာ စပိန်၊ ဂျော်ဂျီယာတို့နဲ့ကစားရမှာဖြစ်ပြီး ဟာလန်း မပါဝင်နိုင်တဲ့အတွက် တိုက်စစ်ပိုင်းက အားနည်းသွားဖွယ်ရှိနေပါတယ်။

ဟာလန်းကတော့ ဘန်လေအသင်းကို ၆ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာ ရရှိထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်ရဲ့ အသင်းခေါင်းဆောင်ဖြစ်လာတဲ့ အုပ်ကြီး ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘတ်ပေဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းခေါင်းဆောင်ဖြစ်သူ ဂိုးသမား ဟူဂို လိုရစ်အနားယူသွားခဲ့တာကြောင့် သူ့ရဲ့နေရာကို အမ်ဘတ်ပေက ဆက်ခံခွင့်ရခဲ့တာဖြစ်ပါတယ်။

အင်ဒီယန်းဝဲလ်ပြိုင်ပွဲတွင် ရိုင်ဘာကီနာ ချန်ပီယံဆုရ

အင်ဒီယန်းဝဲလ်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ ချန်ပီယံဆု ရယူခဲ့ပါတယ်။ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာနဲ့ ရိုင်ဘာကီနာတို့ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ပထမ ပွဲလတ်ကပဲ ၇၈ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်၂ မှာရပ်တည်နေတဲ့ ဆာဘာလန်ကာအနေနဲ့ ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုရပြီးနောက် အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့သလို ရိုင်ဘာကီနာကလည်း သူမရဲ့ကစားသမားဘဝ ပထမဆုံး WTA ချန်ပီယံဆုအတွက် ကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်။  ပွဲကစားချိန် ၂ နာရီနဲ့ ၃ မိနစ် ကြာမြင့်ခဲ့ပြီးနောက် ရိုင်ဘာကီနာက (၇း၆၊ ၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရသွားခဲ့တာဖြစ်ပါတယ်။ ရိုင်ဘာကီနာအတွက်တော့ ဆာဘာလန်ကာနဲ့ ဆုံတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းလူစာရင်းမှ ရပ်ရှ်ဖို့ဒ်နှင့် မေဆန်မောင့်တို့ ထပ်မံနုတ်ထွက်

ယူရို-၂၀၂၄ ခြေစစ်ပွဲများအတွက် ရွေးချယ်ထားသော အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ မန်ယူတိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ်နှင့် ချယ်လ်ဆီးကွင်းလယ်ကစားသမား မေဆန်မောင့်တို့ တနင်္လာနေ့က ထပ်မံနုတ်ထွက်ခဲ့ ကြောင်း သိရသည်။

အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ခြေစစ်ပွဲအဖြစ် မတ်(၂၃)တွင် အီတလီ၊ မတ်(၂၆) တွင် ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းအတွက် ကစားသမား(၂၅)ဦးစာရင်းကို ပြီးခဲ့သည့်ကြာသပတေးနေ့တွင် နည်းပြ ဆောက်ဂိတ်က ရွေးချယ်ထုတ်ပြန်ခဲ့သည်။

ပေါ်တူဂီအသင်းတွင် ရော်နယ်ဒိုကို နည်းပြသစ် ရွေးချယ်

အခုလအတွင်း ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေအတွက် ပေါ်တူဂီအသင်း လူစာရင်းကို နည်းပြသစ် ရော်ဘတ်တိုမာတီနက်ဇ်ကို ထုတ်ပြန်ခဲ့ရာမှာ တိုက်စစ်မှူး ရော်နယ်ဒိုကို ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။ အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတုန်းက ခြေစွမ်းမပြနိုင်ခဲ့သလို အသင်းနည်းပြ ဟောင်း ဖာနန်ဒိုဆန်းတို့စ်က အရန်ခုံပါ ပို့ထားခဲ့တာပါ။ ကမ္ဘာ့ဖလား အပြီးမှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီအခြေအနေတွေအရ ရော်နယ်ဒိုအနေနဲ့ အသက်အရွယ် အရရော၊ ခြေစွမ်းပါ အကောင်းဆုံး အနေအထားကို ကျော်သွားပြီဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် ပေါ်တူဂီအသင်း နည်းပြသစ် မာတီနက်ဇ်ကတော့ လက်ရွေးစင် အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့တာပါ။

အင်ဒီးယန်းဝဲလ်ဖိုင်နယ်ကို မက်ဗီဒက်ဗ် တက်ရောက်

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အင်ဒီးယန်းဝဲလ် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပွဲစဉ်မှာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲအဖြစ် မက်ဗီဒက်ဗ်နဲ့ အမေရိကန်နိုင်ငံသား တီယာဖိုတို့ ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး လက်စွမ်းချင်းသိပ်မကွာကြလို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။