အက်ဖ်အေဖလား ဆီမီးမှာ မန်စီးတီး နဲ့ ရှက်ဖီးလ်ယူနိုက်တက် ၊ ဘရိုက်တန် နဲ့ မန်ယူ တွေ့ဆုံ

ဒီနှစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် နှစ်ပွဲမှာ မန်စီးတီး က ချန်ပီယံရှစ် အသင်း ရှက်ဖီးလ်ယူနိုက်တက် နဲ့ တွေ့ဆုံနေပြီး ဘရိုက်တန် က မန်ယူ နဲ့ ကစားရပါမယ်။ မန်စီးတီးက စနေနေ့က ဘန်လေကို ၆-၀ ဂိုး နဲ့ အနိုင်ရရှိပြီး နောက်ဆုံး လေးသင်းအဆင့်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် က ချန်ပီယံရှစ်အသင်း ဘလက်ဘန်း ကို ၃-၂ ဂိုးနဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ ဘရိုက်တန်က လိဂ် 2 က ဂရင်စဘီ အသင်း ရဲ့ အိပ်မက်ကို ၅-၀ ဂိုးနဲ့ အဆုံးသတ်လိုက်ပြီး ဆီးမီးဖိုင်နယ်ကို တက်လှမ်းလာခဲ့ချိန်မှာပဲ မန်ယူက ဖူလ်ဟမ် ကစားသမားတွေ နဲ့ နည်းပြ အနီကပ်ထိခဲ့တာကို အခွင့်ကောင်းယူပြီး အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ အနိုင်ရကာ ဆီမီးကို တက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် ပွဲ နှစ်ပွဲစလုံးကို ဝင်ဘလေကွင်းမှာ ဧပြီ ၂၂ နဲ့ ၂၃ ရက်မှာ ကစားကြမှာ ဖြစ်ပါတယ်။