၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားမှုအား နိုင်ငံရေးပြဿနာကြောင့် ဖျက်သိမ်း

၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားမှုအား နိုင်ငံရေးပြဿနာကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အစ္စရေးအသင်း ခြေစစ်ပွဲအောင်မြင်ထားပြီး အင်ဒိုနီးရှားပြည်သူများက အစ္စရေးအသင်းအား ပြိုင်ပွဲမှထုတ်ပယ်ရန် ယခုလအစောပိုင်းက ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) ဥက္ကဋ္ဌ အဲရစ်သိုဟာတို့ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပြိုင်ပွဲ အိမ်ရှင်အဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ပရီးမီးယားလိဂ်က ၂ ဦးသာပါဝင်

ကမ္ဘာ့တန်ဖိုအမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းမှာ အင်္ဂလန်ပရီးမီးယားလိဂ်က ကစားသမား ၂ ဦးသာ ပါဝင်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးအရတန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းကို Football Benchmark က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ပေါင် ၁၇၆ သန်းနဲ့ တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။

အဲဒီနောက်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပေါင် ၁၄၅ သန်းနဲ့ ဒုတိယ၊ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ပေါင် ၁၃၃ သန်းနဲ့ တတိယနေရာတွေမှာရပ်တည်ခဲ့တာပါ။

မက်ဆီရဲ့ရုပ်တုကို မာရာဒိုနာ ၊ ပီလီတို့ရဲ့ ရုပ်တုနဲ့အတူထားရှိ

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL)သည် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့သော လီယိုနယ်မက်ဆီကို ဂုဏ်ပြုသောအားဖြင့်သူ၏ပုံတူရုပ်တုကို ၎င်း၏ ပြတိုက်တွင် ဂန္တဝင်ဘောလုံးသမားများဖြစ်သော ဒီရေဂို မာရာဒိုနာနှင့် ပီလီ တို့၏ ရုပ်တုတို့နှင့်အတူ ယှဉ်တွဲထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

Madrid Spain Master ကြက်တောင်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ လက်ရည်စစ်ပွဲ မအောင်မြင်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ် ၂၈ ရက်မှစတင်၍ စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပသည့် Madrid Spain Master ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ကြောင်း သိရသည်။

မိမိ၏ လုပ်နိုင်စွမ်းကို အမေရိကန်မှ ပရိသတ်များထံ ချပြရန် မစောင့်နိုင်အောင်ဖြစ်နေပြီဟု ဖန်ယုံနှင့် ထိုးသတ်မည့် ပွဲအပေါ် ရည်ညွှန်း၍ အောင်လအန်ဆန်ပြောကြာ:

ကချင်တိုင်းရင်းသား မြန်မာ MMA ကစားသမား အောင်လအန်ဆန်က တရုတ်ဖိုက်တာ ဖန်ယုံနှင့် ထိုးသတ်ရမည့်ပွဲနှင့် ပတ်သက်၍ မိမိ၏ လုပ်နိုင်စွမ်းကို အမေရိကန်မှ ပရိသတ်များထံ ချပြရန် မစောင့်နိုင်အောင်ဖြစ်နေပြီဟု South China Morning Post သတင်းစာသို့ ပြောကြားခဲ့သည်။