မန်ယူကလပ်ကို ဝယ်ယူရန် ကာတာ ဘဏ်လုပ်ငန်းရှင်နှင့် ဗြိတိန်ဘီလျံနာတို့ ဈေးပြိုင်ကမ်းလှမ်းထား

ကာတာဘဏ်လုပ်ငန်းရှင် ရှိတ် ဟာစင်မ် ဘင် ဟာမတ် အဲလ်တာနီနှင့် ဗြိတိန်ဘီလျံနာ ဂျင်မ် ရက်ကလစ်ဖ် တို့သည် မန်ချက်စတာ ယူနိုက်တက် ကလပ်ကို ဝယ်ယူရန်အတွက် မတ်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့တွင် ဒုတိယအကြိမ် ဈေးပြိုင်ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
မန်ယူကလပ်ပိုင်ရှင်ဖြစ်သည့် ဂလေဇာ မိသားစုသည် ကလပ်တန်ဖိုးအား ကမ္ဘာ့စံချိန်တင် စတာလင်ပေါင် ၆ ဘီလျံ (ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ) ဖြင့် ဈေးသတ်မှတ်ထားသည်။
ရှိတ် ဟာစင်မ်သည် ဒုတိယအကြိမ်အဖြစ် ယူနိုက်တက်အား စတာလင်ပေါင် ၅ ဒသမ ၅ ဘီလျံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသည်။ ရှိတ်သည် ကလပ်ကို ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ခွင့် ရရှိလိုပြီး ထိုလုပ်ပိုင်ခွင့်အတွက် ယူနိုက်တက်၏ အကြွေး သန်း ၆၂၀ ကို ဆပ်ပေးမည့်အပြင် ဘောလုံးကွင်းနှင့် လေ့ကျင့်ရေးကွင်းအသစ်အတွက်ပါ ရင်းနှီးမြှုပ်နှံပေးသွားမည်ဖြစ်သည်။
မန်ယူ၏ အမာခံပရိတ်သတ်ဖြစ်သည့် အင်နီယို့စ် ဓာတုကုမ္ပဏီပိုင်ရှင် ရက်ကလစ်ဖ်ကမူ စတာလင်ပေါင် ၄ ဒသမ ၅ ဘီလျံဖြင့် ကမ်းလှမ်းထားသည်။ ထို့ပြင် သူက ဈေးပြိုင်တင်သွင်းရာတွင် သူတို့တောင်းဆိုထားသည့် များပြားလှသော ငွေပမာဏကိုပေးမည် မဟုတ်ကြောင်း၊ မန်ယူအတွက် သူအလိုရှိသည်မှာ ဆုဖလားများ ဆွတ်ခူးနိုင်ရန်အတွက်သာ ဖြစ်ကြောင်း ပြောထားသည်။
ကမ်းလှမ်းထားသူများသည် လာမည့်အပတ်ထဲတွင် ယူနိုက်တက်ထံမှ ထုတ်ပြန်ချက်ကို ရနိုင်ဖွယ်ရှိသည်။

Source: Straitstimes