နှစ်ပေါင်း 20 အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလာတဲ့ နယူးကာဆယ်

ယနေ့ နံနက်ပိုင်းက ကစားခဲ့တဲ့ လက်စတာနဲ့ပွဲစဉ်မှာ သရေတစ် မှတ်ရရှိခဲ့ပြီးနောက် နှစ်ပေါင်း 20 အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့ပါပြီ။
ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ကို 2002-2003 ရာသီက နောက်ဆုံးအချိန် ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာပါ။
ဆော်ဒီသူဌေးအုပ်စုက ပေါင် 305 သန်းနဲ့ ဝယ်ယူခဲ့အပြီးမှာ ကစားသမားသစ်တွေကိုခေါ်ခဲ့ပြီး အသင်းရဲ့အခြေအနေ ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။

ပထမအချီ ၁ မိ နစ်ကျော်မှာ အလဲထိုးအနိုင်ယူခဲ့တဲ့ ကယန်းလက်ဝှေ့မယ်ဘရော်နီကာ

ထိုင်းနိုင်ငံ၌ကျင်းပသည့် Thai Fight ကလပ်၏ မွေထိုင်းလက်ဝှေ့စိန်ခေါ်ပွဲ၌ ကယန်းလက်ဝှေ့မယ်ဘရော်နီကာမှ ထိုင်းလက်ဝှေ့မယ် Aomsin အား ပထမအချီ ၁ မိနစ်ကျော်၌ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကယန်းလက်ဝှေ့မယ်ဘရော်နီကာနှင့်ထိုင်းလက်ဝှေ့မယ် Aomsin တို့သည် မေ ၂၁ ရက်ညနေပိုင်းက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး ကယန်းလက်ဝှေ့မယ်ဘရော်နီကာမှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ကယန်းလက်ဝှေ့မယ်ဘရော်နီကာသည် ဧပြီနောက်ဆုံးပတ်က အီတလီနိုင်ငံ၊ရောမမြို့၌ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် အီတလီလက်ဝှေ့မယ်အား အမှတ်ဖြင့်အနိုင်ရရှိထားသည်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို မန်စီးတီးအသင်း ၃ နှစ်ဆက်တိုက်ဆွတ်ခူး

ပြိုင်ဘက်အာဆင်နယ်ရဲ့ ရှုံးနိမ့်မှုကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
အဆင့် ၂ က အာဆင်နယ်အသင်းဟာ မနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာကြောင့် မန်စီးတီး ဟာ ပွဲစဉ် ၃၆ ကို မကစားရသေးခင်မှာပဲ ချန်ပီယံဖြစ်ဖို့သေချာသွားခဲ့ပါပြီ။
ဒါဟာ မန်စီးတီးအနေနဲ့ ဘောလုံးရာသီ ၆ ခုအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခြင်းလည်းဖြစ်ပါတယ်။
ယနေ့ညမှာတော့ မန်စီးတီးဟာ ချဲလ်ဆီးနဲ့ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီး ဇွန်လအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ FA ဖလားဗိုလ်လုပွဲ၊ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေကစားရဖို့ရှိနေပါတယ်။

အင်ဒိုနီးရှားက ထိုင်းကို ( ၅-၂) ဂိုးဖြင့် နိုင်ပြီး ဆီးဂိမ်းစ်ရွှေတံဆိပ်ရ၊ တတိယနေရာလုပွဲတွင် ဗီယက်နမ်က မြန်မာကို ( ၃-၁ )ဂိုး ဖြင့်နိုင်

ကမ္ဘောဒီးယား ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ အင်ဒိုနီးရှား ယူ-၂၂ အသင်းက ထိုင်းယူ-၂၂ အသင်းကို ( ၅- ၂ ) ဂိုးနဲ့ အနိုင်ရပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဆီးဂိမ်းရွှေတံဆိပ်ဆု ရရှိသွားပါတယ်။
မနေ့ညနေက ကန်သွားတဲ့ ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာ လုပွဲမှာတော့ ဗီယက်နမ်ယူ -၂၂ အသင်းက မြန်မာ ယူ -၂၂ အသင်းကို (၃- ၁) ဂိုးနဲ့ အနိုင်ရသွားလို့ ဗီယက်နမ်အသင်းက တတိယ ကြေးတံဆိပ်ရသွားပြီး မြန်မာ ယူ-၂၂ အသင်းကတော့ စတုတ္ထ နေရာရခဲ့ပါတယ်။