EPL ရွှေလက်အိတ်ဆုကို ဂိုးသမားဒီဂီယာ ရရှိ

မန်ယူဂိုးသမား ဒီဂီယာဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့ပါတယ်။ စပိန်လူမျိုး ဒီဂီယာအနေနဲ့ ဒီရာသီမှာ ပေးဂိုး ၄၁ ဂိုး ခွင့်ပြုခဲ့ရပေမယ့် ၁၆ ပွဲ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဒါကြောင့်လည်း ရာသီလက်ကျန် ၂ ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာပဲ အခုလို ရွှေလက်အိတ်ဆုကို ဒီဂီယာ ရရှိခဲ့တာ ဖြစ်ပါတယ်။
စနေညက ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဒီဂီယာက ရွှေလက်အိတ်ဆု ရရှိတာဟာ တစ်ယောက်တည်းလက်စွမ်းကြောင့် မဟုတ်သလို ဒီရာသီ တစ်သင်းလုံးရဲ့စုစည်းမှုကို ပြသနိုင်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဒီဂီယာအတွက်တော့ တစ်ရာသီရွှေလက်အိတ်ဆုကို ဒုတိယအကြိမ် ရရှိခဲ့တာဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီက ပထမအကြိမ် ရရှိခဲ့ဖူးတာဖြစ်ပါတယ်။
ဂိုးသမား ဒီဂီယာဟာ မန်ယူကစားသမားဘဝ ၁၂ နှစ်တာအတွင်း ပြိုင်ပွဲစုံ ၅၄၂ ပွဲ ပါဝင်ကစားထားပါတယ်။