ဒဏ်ရာရကစားသမား (၁၀)ဦးအထိရှိလာသည့်အခြေအနေတွင် ပြိုင်ပွဲသုံးခုအတွက် ကစားသမားအားလုံး လိုအပ်ပြီး တစ်ပွဲချင်းပြင်ဆင်နေသည်ဟု တန်ဟက်ဂ် ပြောကြား

ဒဏ်ရာရကစားသမား (၁၀)ဦးအထိရှိလာသည့်အခြေအနေတွင် ပြိုင်ပွဲသုံးခုအတွက် ကစားသမားအားလုံး လိုအပ်ပြီး တစ်ပွဲချင်းပြင်ဆင်နေသည်ဟု နည်းပြ တန်ဟက်ဂ်က ပြောကြားခဲ့သည်။

သြစတြီးယားလက်ရွေးစင်ကစားသမား ဆာဘစ်ဇာ (၂၉ နှစ်)သည် တနင်္ဂနွေနေ့က နော်တင်ဟမ်အသင်းနှင့် ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းပြုလုပ်စဉ် ဒဏ်ရာရရှိခဲ့သောကြောင့် ပွဲထွက်စာရင်းတွင် အဲရစ်ဆင်နှင့် အစားထိုးခဲ့ရသည်။

ဆာဘစ်ဇာသည် ပြီးခဲ့သည့်တစ်ပတ်က ဆီဗီလာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ယူရိုပါလိဂ်ပွဲ၌ ခြေစွမ်းပြကစားပြီး ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။

မာရသွန်ပြေးပွဲမှာ အစွမ်းပြနေတဲ့ ၃၉ နှစ်အရွယ် အာဂျန်ရော်ဘင်

သူ့ကို ဘောလုံးလောကထဲမှာ  Glass Man ဖန်လူသားလို့ လူသိများပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာခဏ ဒဏ်ရာရတတ်လေ့ရှိလို့ပါ။ နည်းနည်းလောက် ထိလိုက်တာနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ကာလရှည်နားရတတ်လေ့ရှိလို့ သူ့ကို Glass Man ဖန်လူသားလို့ နာမည်ပေးခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ အာဂျန်ရော်ဘင် ပါ။ သူ့ခေတ် သူ့အခါက ဘယ်တောင်ပံတကြောမှာ အရမ်းကို ခြေစွမ်းပြခဲ့တဲ့ ကစားသမားပေါ့လေ။ အခုတော့ အာဂျန်ရော်ဘင်က အသက် ၃၉ နှစ် ရှိသွားခဲ့ပါပြီ။ ၃၉ နှစ် ဖန်လူသားကြီးဟာ အခုတော့ ရော်တာဒမ် မာရသွန်ပြိုင်ပွဲကို ပါဝင်ဆင်နွှဲနေပြန်ပါတယ်။ သုံးနာရီကြာလောက် ပြေးပြီးတဲ့နောက် တာထွက်ကနေ ပန်းဝင်တဲ့အထိ အာဂျန်ရော်ဘင်က စွမ်းဆောင်ပြခဲ့ပါတယ်။ ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် အာဂျန်ရော်ဘင်ဟာ ဘဝကို အေးချမ်းစွာနဲ့ဖြတ်သန်းနေတယ်လို့ သိရပါတယ်။

ချန်ပီယံဆုအတွက်ပြောစရာစကားမရှိဟု ရူဘလက်ဗ်ဖွင့်ဟ

မွန်တီကာလိုမာစတာပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက် ကစားသမားဘဝ ပထမဆုံး မာစတာပြိုင်ပွဲ ချန်ပီယံဆုအတွက် ပြောစရာစကားလုံးမရှိအောင်ဖြစ်ရတယ်လို့ ရုရှားတင်းနစ်သမား ရူဘလက်ဗ်က ဖွင့်ဟသွားခဲ့ပါတယ်။

 ၂၀၂၃ မွန်တီကာလို မာစတာ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ရူဘလက်ဗ်က ဒိန်းမတ်နိုင်ငံသား ဟိုဂါရွန်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ရူဘလက်ဗ်အနေနဲ့ ၂၀၂၁ မှာ မွန်တီကာလိုမာစတာနဲ့ စင်စင်နာတီ မာစတာပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်ကို ရောက်ခဲ့ ပေမယ့် ချန်ပီယံဆုတွေနဲ ဝေးခဲ့ရတာဖြစ်ပါတယ်။

အမျိုးသမီး FA ဖလား ဗိုလ်လုပွဲသို့ လက်ရှိချန်ပီယံ ချယ်လ်ဆီးနှင့် မန်ယူအသင်း တက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် တွေ့ဆုံနေ

၂၀၂၂-၂၃ ဘောလုံးရာသီ အမျိုးသမီး FA ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းနှင့် မန်ယူအသင်း တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် ပထမဆုံးအကြိမ် တွေ့ဆုံနေကြောင်း သိရသည်။

အမျိုးသမီး FA ဖလားပြိုင်ပွဲကို ၁၉၇၀-၇၁ ရာသီတွင် စတင်ကျင်းပခဲ့ပြီး ယခုရာသီမှာ (၅၃)ရာသီမြောက် ကျင်းပနေခြင်းဖြစ်သည်။

PSG ၌ မက်ဆီ ဆက်ရှိရန်မသေချာ

အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူး မက်ဆီသည် ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာအသင်း၏ တစ်နှစ်ယူရိုသန်း(၄၀၀)တန် ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး ဥရောပတွင်သာ ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မက်ဆီသည် PSG အသင်းတွင် ဆက်နေမည့် သူ၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး ယခုနွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိနေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ဒိုင်လူကြီး ကို တွန်းခဲ့တဲ့ မီထရိုဗစ် ရှစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ

ပြီးခဲ့တဲ့လက မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ဒိုင်လူကြီးကို တွန်းခဲ့တဲ့ ဖူလ်ဟမ်တိုက်စစ်မှူး အလက်ဆန်းဒါး မီထရိုဗစ်ကို ရှစ်ပွဲပယ် ပြစ်ဒဏ် နဲ့ ဒဏ်ငွေ ပေါင် ၇၅၀၀၀ ချမှတ်လိုက်ကြောင်း အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ်က ပြောကြားပါတယ်။

အဲဒီပွဲမှာ ဆာဘီးယားတိုက်စစ်မှူးက ဒိုင်လူကြီး ကာဗာနက် ကို ရင်ဆိုင်ခဲ့ပြီး ပခုံးနဲ့လည်း တိုက်ခဲ့ပြီးနောက်မှာ တိုက်ရိုက်အနီ နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဆီးဂိမ်းစ်အုပ်စုမဲခွဲရာတွင် အိမ်ရှင်ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် မြန်မာအသင်းတွေ့ဆုံ

၂၀၂၃ ခုနှစ်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)မှာ  မြန်မာအမျိုးသား ယူ-၂၂ ဘောလုံးအသင်းက အိမ်ရှင်ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့ ပါဝင်တဲ့အုပ်စု (က) မှာ ကျရောက်ခဲ့ပါတယ်။

ဘောလုံးပြိုင်ပွဲအတွက် မဲခွဲပွဲကို ဧပြီ ၅ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာအသင်းက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမာအသင်းတွေနဲ့ အုပ်စု (က)မှာတွေ့ဆုံခဲ့တာပါ။

ကမ္ဘာ့အကြမ်းတမ်းဆုံးလိဂ်ပြိုင်ပွဲအဖြစ် ဘိုလစ်ဗီးယားပရိုလိဂ်ပြိုင်ပွဲက ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု CIES ဖော်ပြ

ကမ္ဘာ့အကြမ်းတမ်းဆုံးလိဂ်ပြိုင်ပွဲအဖြစ် ဘိုလစ်ဗီးယားပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲဖြစ်သည့် Bolivian Primera Division ပြိုင်ပွဲက ထိပ်ဆုံးတွင်ရပ်တည်နေကြောင်း နာမည်ကြီးဘောလုံးသုတေသနအဖွဲ့အစည်းဖြစ်သည့် CIES က ဖော်ပြခဲ့သည်။

CIES သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၁)ရက်မှ ၂၀၂၃ ခုနှစ် မတ်လ(၂၀)ရက်အထိ (၃)နှစ်ကျော် ကာလအတွင်း တိုက်ကြီး(၆)တိုက်ရှိ လိဂ်ပြိုင်ပွဲ(၇၆)ခုကို လေ့လာသုံးသပ်ခဲ့ခြင်းဖြစ်သည်။

ဝေးလ်စ်တိုက်စစ်မှူးဟောင်း ဘယ်လာမီ ဒေဝါလီခံရ

လိဂ်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်း လက်ထောက်မန်နေဂျာနှင့် ဝေးလ်စ်အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဘယ်လာမီသည် ဒေဝါလီခံခဲ့ရပြီဖြစ်ကြောင်း အတိအလင်းကြေညာခဲ့သည်။

ဝေးလ်စ်နာမည်ကြီးတိုက်စစ်မှူးဟောင်း ဘယ်လာမီသည် အခွန်အဖြစ် ပေးဆောင်ရမည့်ငွေ ပေါင်(၁)သန်း ဝန်းကျင်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက်(၄၃)နှစ်ရှိပြီဖြစ်သည့် ၎င်းက သူ၏ဘဏ္ဍာရေးအခြေအနေသည် စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရာတွင် ကျရှုံးမှုများကြောင့်ဖြစ်သည်ဟုလည်း ဝန်ခံခဲ့သည်။

မိုင်ယာမီအိုးပင်းချန်ပီယံဆုကို မက်ဗီဒက်ဗ် ရရှိ

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အခုနှစ်အတွက် ၄ ခုမြောက် အေတီပီတိုးချန်ပီယံဆုအဖြစ် မိုင်ယာမီ အိုးပင်းချန်ပီယံဆုကို ရယူခဲ့ပါတယ်။ မိုင်ယာမီအိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ မက်ဗီဒက်ဗ်ဟာ အီတလီတင်းနစ်သမား  ဂျန်နစ်ဆင်နာနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဆင်နာဟာ ပထမပွဲလတ်မှာ မက်ဗီဒက်ဗ်ကို အကြိတ်အနယ်လိုက်ကစားခဲ့ပေမယ့် ပထမပွဲလတ် ရှုံးနိမ့်ပြီးနောက်ပိုင်းမှာတော့ မက်ဗီဒက်ဗ်ကို ဘယ်လိုမှမယှဉ်နိုင်တော့ပဲ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။