မိုင်ယာမီအိုးပင်းချန်ပီယံဆုကို မက်ဗီဒက်ဗ် ရရှိ

ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အခုနှစ်အတွက် ၄ ခုမြောက် အေတီပီတိုးချန်ပီယံဆုအဖြစ် မိုင်ယာမီ အိုးပင်းချန်ပီယံဆုကို ရယူခဲ့ပါတယ်။ မိုင်ယာမီအိုးပင်း အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ မက်ဗီဒက်ဗ်ဟာ အီတလီတင်းနစ်သမား  ဂျန်နစ်ဆင်နာနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဆင်နာဟာ ပထမပွဲလတ်မှာ မက်ဗီဒက်ဗ်ကို အကြိတ်အနယ်လိုက်ကစားခဲ့ပေမယ့် ပထမပွဲလတ် ရှုံးနိမ့်ပြီးနောက်ပိုင်းမှာတော့ မက်ဗီဒက်ဗ်ကို ဘယ်လိုမှမယှဉ်နိုင်တော့ပဲ အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲကစားချိန် ၁ နာရီနဲ့ ၃၄ မိနစ် ကြာမြင့်ခဲ့ပြီးနောက် မက်ဗီဒက်ဗ်က (၇း၅၊ ၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆင်နာနဲ့ ဆုံတွေ့ခဲ့တဲ့ ၆ ပွဲစလုံး အနိုင်ရတဲ့ မှတ်တမ်းကိုလည်းရေးထိုးလိုက်ပါတယ်။ မက်ဗီဒက်ဗ်ဟာ ဒီရာသီ အေတီပီတိုးပြိုင်ပွဲတွေဖြစ်ကြတဲ့ ရော့တာဒမ်၊ ဒိုဟာနဲ့ ဒူဘိုင်းပွဲစဉ်တွေမှာ ချန်ပီယံဆုတွေ ရယူထားသူလည်း ဖြစ်ပါတယ်။