မာရသွန်ပြေးပွဲမှာ အစွမ်းပြနေတဲ့ ၃၉ နှစ်အရွယ် အာဂျန်ရော်ဘင်

သူ့ကို ဘောလုံးလောကထဲမှာ  Glass Man ဖန်လူသားလို့ လူသိများပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာခဏ ဒဏ်ရာရတတ်လေ့ရှိလို့ပါ။ နည်းနည်းလောက် ထိလိုက်တာနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ကာလရှည်နားရတတ်လေ့ရှိလို့ သူ့ကို Glass Man ဖန်လူသားလို့ နာမည်ပေးခဲ့ကြတာဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကတော့ အာဂျန်ရော်ဘင် ပါ။ သူ့ခေတ် သူ့အခါက ဘယ်တောင်ပံတကြောမှာ အရမ်းကို ခြေစွမ်းပြခဲ့တဲ့ ကစားသမားပေါ့လေ။ အခုတော့ အာဂျန်ရော်ဘင်က အသက် ၃၉ နှစ် ရှိသွားခဲ့ပါပြီ။ ၃၉ နှစ် ဖန်လူသားကြီးဟာ အခုတော့ ရော်တာဒမ် မာရသွန်ပြိုင်ပွဲကို ပါဝင်ဆင်နွှဲနေပြန်ပါတယ်။ သုံးနာရီကြာလောက် ပြေးပြီးတဲ့နောက် တာထွက်ကနေ ပန်းဝင်တဲ့အထိ အာဂျန်ရော်ဘင်က စွမ်းဆောင်ပြခဲ့ပါတယ်။ ကစားသမားဘဝကနေ အနားယူပြီးတဲ့နောက် အာဂျန်ရော်ဘင်ဟာ ဘဝကို အေးချမ်းစွာနဲ့ဖြတ်သန်းနေတယ်လို့ သိရပါတယ်။