၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားမှုအား နိုင်ငံရေးပြဿနာကြောင့် ဖျက်သိမ်း

၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားမှုအား နိုင်ငံရေးပြဿနာကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အစ္စရေးအသင်း ခြေစစ်ပွဲအောင်မြင်ထားပြီး အင်ဒိုနီးရှားပြည်သူများက အစ္စရေးအသင်းအား ပြိုင်ပွဲမှထုတ်ပယ်ရန် ယခုလအစောပိုင်းက ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) ဥက္ကဋ္ဌ အဲရစ်သိုဟာတို့ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပြိုင်ပွဲ အိမ်ရှင်အဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

FIFA ၏ထုတ်ပြန်ချက်တွင် လက်ရှိအခြေအနေများကြောင့် အင်ဒိုနီးရှားကို အိမ်ရှင်အဖြစ်မှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အိမ်ရှင်နိုင်ငံအသစ်ကို အမြန်ဆုံး ကြေညာသွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့်ကာလမှာ လက်ရှိတွင် မပြောင်းလဲသေးကြောင်းနှင့် FIFA အပေါ် အရေးယူမှုကို နောက်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဟု ရေးသားထားသည်။

၂၃ ကြိမ်မြောက်အဖြစ် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို  မေလ ၂၀ ရက်မှ ဇွန်လ ၁၁ ရက်အထိ ပြိုင်ပွဲ ဝင် ၂၄ သင်းဖြင့် ကျင်းပသွားရန် စီစဉ်ထား ခြင်းဖြစ်သည်။

အစ္စရေးအသင်းသည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့်နှစ် ဇွန်လက ခြေစစ်ပွဲအောင်မြင်ခဲ့သည်။