ဟောင်ကောင်ဂေါက်ရိုက်ပြိုင်ပွဲတွင် တိုင်ချီခို အနိုင်ရ

ဟောင်ကောင်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ World City ချန်ပီယံရှစ် ဂေါက်ရိုက်ပြိုင်ပွဲမှာ အသက် ၂၂ နှစ်အရွယ် တိုင်ချီခိုက အနိုင်ရပြီး  မတ် ၂၆ ရက်မှာ အာရှပြိုင်ပွဲတခုအတွင်း ပထမဆုံးအနိုင်ရရှိတဲ့ ဟောင်ကောင် ဂေါက်ရိုက်သမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီပြိုင်ပွဲကျင်းပရာ ဟောင်ကောင်ဂေါက်ရိုက်ကလပ်မှာ လွန်ခဲ့တဲ့ နှစ်လကမှ ပရော်ဖက်ရှင်နယ် ကစားသမား တဦးဖြစ်လာတဲ့  ခိုဟာ နယူးဇီလန်နိုင်ငံက မိုက်ကယ် ဟန်ဒရီထက် ရိုက်ချက် ၂ ချက် လျှော့ရိုက်နိုင်ခဲ့တာကြောင့် အခုလိုအောင်ပွဲခံနိုင်ခဲ့တာပါ။ ရာသီဥတုဆိုးရွားမှုကြောင့် ဒီပြိုင်ပွဲမှာ ကျင်း ၅၄ ကျင်းအထိ လျှော့ချခဲ့ပေမဲ့ ဒီလူငယ်ဂေါက်ရိုက်သမားဟာ သတ်မှတ်ရိုက်ချက် ၇၀ နဲ့အတူ ပြိုင်ပွဲကို အဆုံးသတ်နိုင်ခဲ့ပြီး လျှော့ရိုက်ချက် ၁၂ ချက်အထိ ရှိခဲ့ပါတယ်။  ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ဒီနှစ် ဇူလိုင်လမှာကျင်းပမယ့် အိုးပင်းချန်ပီယံရှစ် ပြိုင်ပွဲဝင်ခွင့် တနေရာကို ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ သြစတြေးလျနိုင်ငံသား ထရားဗစ်စမစ်က တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသား ဘိုင်ယိုကင်မ်နဲ့ ဖိလစ်ပိုင်နိုင်ငံသား မီဂဲလ်တဗွေးနားကတော့ စတုတ္ထနေရာမှာ ပူးတွဲရပ်တည်ခဲ့ပါတယ်။