ခြေချင်းဝတ်ဒဏ်ရာကြောင့်ရာသီကုန်ထိ အနားယူရတော့မယ့် နေမာ

PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်၍ ရာသီကုန်အထိ ဘောလုံးပြန်ကစားနိုင်တော့မည်မဟုတ်ဘဲ (၃)လမှ (၄) လဝန်းကျင်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

နေမာသည် ဖေဖော်ဝါရီလအတွင်းက လိုင်လီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက ကာလရှည်အနားယူရဖွယ်ရှိကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ရီးယဲလ်မက်ဒရစ်မှ စိတ်ဝင်စားနေသည့် ဘာပေအတွက် PSG အသင်း စျေးသတ်မှတ်ခဲ့ပြီး လာမည့်နွေရာသီတွင် ရောင်းချဖွယ်ရှိနေ

PSG အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ကာလရှည်သတင်းထွက်ပေါ်နေသည့် အသင်း၏ပြင်သစ် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေအား လာမည့်နွေရာသီတွင် ရောင်းချဖွယ်ရှိနေပြီး ၎င်းတို့အသင်း၏ အရေးအပါဆုံး တိုက်စစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးယူရိုသန်း (၂၀၀)အထိအလိုရှိနေကြောင်း သိရသည်။

အသက် (၂၄)နှစ်အရွယ်ရှိ ဘာပေသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့မည်ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သလို၊ ရီးယဲလ်မက်ဒရစ် အသင်း၏ ကာလရှည်ပစ်မှတ်ကစားသမားတစ်ဦးလည်းဖြစ်နေသည်။

တူရကီနှင့် ဆီးရီးယား အင်အားပြင်းငလျင်အတွက် အရေးပေါ်ပစ္စည်းများ အပြည့်ပါဝင်သည့် လေယာဉ်စေလွှတ်ပြီး စီရော်နယ်လ်ဒို လှူဒါန်းခဲ့

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီလအစောပိုင်းက တူရကီနှင့် ဆီးရီးယားတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် ဒုက္ခသည်များအတွက် အရေးပေါ်ပစ္စည်းများ အပြည့်ပါဝင်သည့် လေယာဉ်တစ်စင်းကို စေလွှတ်ပြီး လှူဒါန်းခဲ့သည်။

ယာယီတဲများ၊ အစားအသောက်များ၊ ခေါင်းအုံး၊ စောင်၊ အိပ်ရာ၊ ကလေး အစားအစားနှင့် နို့၊ ဆေးဝါးများကို စီရော်နယ်လ်ဒိုက ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်လ်ဒို လှူဒါန်းခဲ့သည့် ပစ္စည်းများသည် ငလျင်ဒဏ်ခံ တူရကီနှင့် ဆီးရီးယားကို ရောက်ရှိခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

ပီအက်စ်ဂျီရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်လိုက်တဲ့ ဘာပေ

ပီအက်စ်ဂျီရဲ့ သမိုင်းမှာ ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်နိုင်ခဲ့ပြီးနောက်မှာ နောက်ထပ် အောင်မြင်အောင် လုပ်ဆောင်ရမှာတွေ အများကြီး ရှိသေးတယ်လို့ အမ်ဘက်ပေ က ပြောကြားလိုက်ပါတယ်။

ကာဗာနီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့အတွက် ၂၀၁ ဂိုးမြောက် ပီအက်စ်ဂျီ ဂိုးကို နန့်စ် ကို ၄-၂ ဂိုး နဲ့ နိုင်တဲ့ ပွဲရဲ့ အချိန်ပိုမှာ အမ်ဘက်ပေ က သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂၄၇ ပွဲမြောက်ပွဲမှာ အဲဒီ စံချိန်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်၌ မက်ဗီဒက်ဗ် ချန်ပီယံဖြစ်ခဲ့

ဒူဘိုင်းကမ္ဘာ့တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ်မှာ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်က ချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ မက်ဗီဒက်ဗ်နဲ့ တစ်နိုင်ငံတည်းသား အန်ဒရေ ရူဘလက်ဗ်တို့ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရူဘလက်ဗ်ဟာ အခုပွဲမှာချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် မက်ဗီဒက်ဗ်ကလည်း တည်ငြိမ်တဲ့ လက်စွမ်းနဲ့ ပြန်လည်ယှဉ်ပြိုင်ခဲ့လို့ အခက်တွေ့ ခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် (၁)နာရီကျော်ကြာမြင့်ခဲ့ပြီးနောက်မှာ မက်ဗီဒက်ဗ်က (၆:၂၊၆:၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံ ဆုကို ရရှိ သွားခဲ့တာဖြစ်ပါတယ်။ အခုချန်ပီယံဆုဟာ မက်ဗီဒက်ဗ်အတွက်တော့(၃)ပတ် အတွင်း ရခဲ့တဲ့ တတိယ မြောက် ချန်ပီယံ ဆုလည်းဖြစ်ခဲ့ပါတယ်။ မက်ဗီဒက်ဗ်ဟာ အခုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ကမ္ဘာ့အဆင့်(၁)တင်းနစ်သမား ဂျိုကိုဗစ်ကိုအနိုင်ယူပြီးဗိုလ်လုပွဲကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

လာမည့်နွေရာသီတွင် အနည်းဆုံး နာမည်ကျော်ကစားသမား (၂) ဦး ခေါ်ယူရန် မန်ယူနည်းပြ တန်ဟက်ဂ် ပစ်မှတ်ထား

မန်ယူနည်းပြ တန်ဟက်ဂ်သည် လာမည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် အနည်းဆုံး နာမည်ကျော် ကစားသမား (၂) ဦး ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Manchester Evening News က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် လာမည့်နွေတွင် အထောင်တိုက်စစ်မှူးတစ်ဦးနှင့် ကွင်းလယ်ကစားသမားတစ်ဦးကို ဦးစားပေးခေါ်ယူရန် ပစ်မှတ်ထားနေပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းရား ထွက်ခွာပါက ၎င်းနေရာအစားထိုးရန် ဗဟိုခံစစ်မှူးတစ်ဦးပါ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ရွှေ iPhone 14 ၃၅ လုံးကို အာဂျင်တီးနားအသင်းဖော်တွေနဲ့ ဝန်ထမ်းတွေအတွက် မက်ဆီ လက်ဆောင်ပေး

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီသည် ရွှေဖြင့်ပြုလုပ်ထားသည့် iPhone ၃၅ လုံး မှာယူပြီး လက်ရွေးစင်အသင်းဖော်နှင့် ဝန်ထမ်းများကို လက်ဆောင်ပေးခဲ့သည်။ ဖုန်း၏ ကျောဘက်တွင် အာဂျင်တီးနား အသင်းလိုဂို၊ အမည်ပါဝင်ပြီး ကစားသမားဖြစ်လျှင် ကျောနံပါတ်ပါ ထည့်သွင်းထားသည်။

ဖုန်းတွင် ရွှေပါဝင်မှု ရာနှုန်းပြည့် ၂၄ ကာရက်ရှိပြီး ဖုန်း ၃၅ လုံးအတွက် ဒေါ်လာ နှစ်သိန်းဝန်းကျင် ကုန်ကျခဲ့သည်။

မော်ရင်ဟို ပွဲကြီးကြပ်ခွင့် ၂ ပွဲ ပိတ်ပင်ခံရ

စီးရီးအေကလပ် ရိုးမားအသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ခရီမိုန်စ် အသင်းနဲ့ပွဲက ဖြစ်ရပ်ကြောင့် ပွဲကြီးကြပ်ခွင့် ၂ ပွဲ ပိတ်ပင်ခံရတော့မှာ ဖြစ်ပါတယ်။ အင်္ဂါနေ့က စီးရီးအေပွဲစဉ်အဖြစ် ခရီမိုနိစ် အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ နည်းပြမော်ရင်ဟိုအနေနဲ့ ဒုတိယပိုင်းပြန်အစမှာပဲ စတုတ္ထဒိုင်ကို အပြင်းအထန် စောဒက တက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

လူငယ်မျိုးဆက်သစ်များ ထွက်ပေါ်လာရေးအတွက် U 15 League ကျင်းပမည်

မြန်မာ့လူငယ်မျိုးဆက်သစ်များ ထွက်ပေါ်လာရေးအတွက် U 15 League ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

မတ်လ ၂ ရက် က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေး (၁/၂၀၂၃)တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များအတိုင်း FIFA-MFF U15 Youth League 2023 အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြသည်ဟုလည်း သိရသည်။