ဘိုကာနော့ဗ်စကီး ရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်ပြလိုက်တဲ့ မာကာရှက်ဖ်

ချန်ပီယံ နှစ်ယောက် တွေ့တဲ့ပွဲ ဖြစ်လို့ ပွဲကောင်း တစ်ပွဲကို ပရိသတ်တွေ ကြည့်ခွင့်ရခဲ့တာပါ။

နည်းစနစ်ပိုင်းအရရော ၊ ဗျူဟာပိုင်း အရရော ပြောစရာ မလိုအောင်ကို နှစ်ယောက်စလုံး ကောင်းလွန်းပါတယ်။

မာကာရှက် ရဲ့ Counter Striking က လုံး၀ကို တိကျလွန်းပါတယ်။

အသင်းတစ်သင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၄၀၀ ပြည့်ပထမဆုံးဂိုးသမားအဖြစ် ဒီဂီယာစံချိန်တင်

မန်ယူဂိုးသမားဒီဂီယာဟာ လိဒ်ယူနိုက်တက်နဲ့ကစားတဲ့ပွဲမှာ လိဂ်ပွဲစဉ် ၄၀၀ ပြည့်မြောက်ခဲ့ပြီး ဗြိတိန်နဲ့ အိုင်ယာလန်သားမဟုတ်တဲ့ဂိုးသမားတွေထဲမှာ အသင်းတစ်သင်းအတွက် ပွဲ ၄၀၀ အထိကစားနိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမားဖြစ်လာပါတယ်။

ဒီဂီယာဟာ  ၂၀၁၁ ခုနှစ်က စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ကနေ ပေါင် ၁၉ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး အဲဒီကတည်းက မန်ယူအသင်းရဲ့ ပထမဦး စားပေး ဂိုးသမားဖြစ်လာခဲ့တာပါ။

ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်သုံးဦးစာရင်းများ ထွက်ပေါ်လာ

၂၀၂၂ ခုနှစ် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ခါတင်စာရင်းများ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ အမျိုးသားဆုအတွက် မက်ဆီ၊ အမ်ဘာပေနှင့် ဘန်ဇီမာတို့ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး အမျိုးသမီးဆုအတွက် ဆန်ခါတင်စာရင်း၌ ဘတ်ခ်ျမီဒ်၊ ပျူတဲလက်စ်နှင့် အဲလက်မော်ဂန်တို့ရွေးချယ်ခံခဲ့ရကြောင်း သတင်းများအရ သိရှိခဲ့ရသည်။

အမြင်အာရုံကောင်းတဲ့ပြိုင်ဘက်နဲ့ ပထမဆုံးယှဉ်ပြိုင်ထိုးသတ်မယ့် မျက်မမြင်အပျော်တမ်းလက်ဝှေ့သမား

မျက်မမြင်အပျော်တမ်းလက်ဝှေ့သမားတစ်ဦးဟာ သူ့ရဲ့ပွဲဦးထွက်လက်ဝှေ့ပွဲအဖြစ် အမြင်အာရုံကောင်းတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ ပြင်ဆင်နေပါတယ်။ သူက နောက်လမှာ ပြုလုပ်မယ့် ပရဟိတရန်ပုံငွေလက်ဝှေ့ပွဲမှာ ပါဝင်မှာပါ။ သူဟာ ဗြိတိန်နိုင်ငံ၊ ဘန်စလေမြို့လေးက အသက် ၂၃ နှစ်အရွယ် သောမက်စ် ဆီရက်စ်ဆိုသူပါ။ သောမက်စ်က ပြင်းထန်တဲ့မွေးရာပါရေတိမ်ကြောင့် သူ့အရှေ့ ၃ပေထိသာမြင်နိုင်ပါတယ်။

ဆော်ဒီလိဂ်မှာ ပထမဆုံး စူပါဟက်ထရစ်ရခဲ့တဲ့ စီရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်မှာ သူ့အတွက် ပထမဆုံး စူပါဟက်ထရစ်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။

ဂရိနှင့် အီဂျစ်ကို ဘောလုံးကွင်းများ ဆောက်ပေးမည်ဟု ဆော်ဒီ ကမ်းလှမ်း

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ဆော်ဒီအာရေဗျနှင့်အတူ ဝင်ရောက်ရွေးချယ်ခံမည်ဟု သတင်းများ ထွက်ပေါ်နေသည့် ဂရိနှင့် အီဂျစ်ကို ဘောလုံးကွင်းများဆောက်ပေးမည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ကမ်းလှမ်းခဲ့သည်။

ဆော်ဒီအာရေဗျသည် ကမ္ဘာ့ဖလားပြိုင်ပွဲ လက်ခံကျင်းပခွင့်ရရှိလျှင် ကုန်ကျမည့်စရိတ်များကိုလည်း ကျခံပေးမည်ဖြစ်ပြီး ယင်းကမ်းလှမ်းမှုတွင် အပြန်အလှန်အားဖြင့် ပြိုင်ပွဲ ပွဲစဉ်ပေါင်း၏ လေးပုံသုံးပုံကို ဆော်ဒီတွင် ကျင်းပခွင့်ပေးရမည့်အချက် ပါရှိသည်။

မန်ယူအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည့် နယ်သာလန်တိုက်စစ်မှူး ဗက်ဟော့စ် ကျောနံပါတ်(၂၇) ဝတ်ဆင်မည်

ဘန်လေအသင်းမှ မန်ယူအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည့် နယ်သာလန်တိုက်စစ်မှူး ဗက်ဟော့စ်သည် ကျောနံပါတ်(၂၇) ဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗက်ဟော့စ်(၃၀ နှစ်)သည် ဘက်ဆစ်တက်အသင်းတွင် အငှားဖြင့် သွားရောက်ကစားနေရာမှ မန်ယူအသင်း၏ ကမ်းလှမ်းမှုကြောင့် ဘက်ဆစ်တက်နှင့် အငှားစာချုပ်ကို ဖျက်သိမ်းကာ မန်ယူအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

ဗက်ဟော့စ်က ကစားခွင့်ရသည့်ကာလအတွင်း မန်ယူအသင်းအတွက် အရာအားလုံးပေးဆပ်ကစားသွားမည်ဟု ကတိပြုနိုင်ကြောင်း စာချုပ်ချုပ်ဆိုရာတွင် ပြောကြားခဲ့သည်။

ယခုရာသီ စီးရီးအေချန်ပီယံဆုအတွက် နာပိုလီ ရေပန်းအစားဆုံးဖြစ်နေသော်လည်း ဂျူဗင်တပ်စ်ကို လျှော့တွက်၍ မရကြောင်း တာဒယ်လီ သုံးသပ်

ဂျူဗင်တပ်စ်နှင့် အင်တာမီလန်အသင်းတို့တွင် ကစားခဲ့သည့် အီတလီဂန္ထဝင်ကစားသမား တာဒယ်လီက ယခုရာသီ စီးရီးအေချန်ပီယံဆုအတွက် နာပိုလီအသင်းမှာ ရေပန်းအစားဆုံးဖြစ်သော်လည်း ဂျူဗင်တပ်စ်အသင်းကို လျှော့တွက် ၍ မရကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ယခုရာသီ စီးရီးအေပွဲစဉ် (၁၇)အပြီးတွင် နာပိုလီအသင်းသည် (၁၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ် (၄၄)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနှင့် တတိယနေရာတို့တွင် (၃၇)မှတ်စီဖြင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အပေါ်အောက် ရပ်တည်နေကြသည့် ဂျူဗင်တပ်စ်နှင့် အေစီမီလန်တို့ကို (၇)မှတ်အထိ ဖြတ်ထားသည်။

ရိုးမား၌ ဆက်နေရန် စမောလင်းကို ဆိုးလ်ကမ်းဘဲလ် တိုက်တွန်း

စပါးနှင့် အာဆင်နယ်နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်က အင်္ဂလန်နောက်ခံလူ စမောလင်းအား ရိုးမားအသင်း တွင် ဆက်နေရန် တိုက်တွန်းခဲ့သည်။ စမောလင်း(၃၃ နှစ်)သည် ယခုရာသီကုန်တွင် ရိုးမားအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် အင်တာမီလန်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ သို့သော် ဆိုးလ်ကမ်းဘဲလ်က ”စမောလင်းဟာ ရိုးမားမှာ သူ့ရဲ့ထိပ်တန်းခြေစွမ်းကို ပြနေပါတယ်။ သူ့အနေနဲ့ ဘာလို့ ရိုးမားက ထွက်မှာလဲ။ ရိုးမားက ထိပ်သီးအသင်းပါ။ အဲဒီအသင်းမှာပဲ သူ ဆက်နေသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဗီလာရီးယဲလ်အားရှုံးနိမ့်သည့်ပွဲတွင်စပိန်ကစားသမားမပါသည့်လူစာရင်းကိုအသုံးပြုခဲ့ခြင်းအတွက်အန်ဆယ်လော့တီ ရှင်းလင်း

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ဗီလာရီးယဲလ်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် စပိန်ကစား သမားမပါဝင်သည့် ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ခြင်းမှာ တမင်တကာ မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဇန်နဝါရီ (၇)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် (၁၆) ဗီလာရီးယဲလ် (၂-၁) ရီးယဲလ်မက်ဒရစ်ပွဲတွင် ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီသည် စပိန်ကစားသမား မပါဝင်သည့်ပွဲထွက် လူစာရင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။