ဆော်ဒီလိဂ်မှာ ပထမဆုံး စူပါဟက်ထရစ်ရခဲ့တဲ့ စီရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်မှာ သူ့အတွက် ပထမဆုံး စူပါဟက်ထရစ်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုပါ၀င်တဲ့ Al Nassr အသင်းဟာ Al-Wehda အသင်းကို အဝေးကွင်းသွားရောက်ကစားခဲ့ရာမှာ ၄ ဂိုး ဂိုးမရှိနဲ့ Al Nassr အသင်းအနိုင်ရခဲ့ပြီး ၄ ဂိုးလုံးကို ရော်နယ်ဒိုက သွင်းယူခဲ့တာပါ။ ‌ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ်မှာ ၄ ပွဲ ကစားပြီးချိန် ရဂိုး ၅ ဂိုးအထိ ရရှိထားပြီး သူ့ရဲ့ခြေစွမ်းနဲ့ပတ်သတ်ပြီး ဝေဖန်နေသူတွေကို ပါးစပ်ပိတ်နေ စေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ ကစားသမားဘ၀လိဂ်ဂိုး ၅၀၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး၂၀၁၀ ဘောလုံးရာသီမှ ၂၀၂၃ ဘောလုံးရာသီအထိ ၁၄ ရာသီလုံး ဟက်ထရစ်ရရှိတဲ့ကစားသမားဆိုတဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။