တိုက်စစ်မှူး အောင်သူ လမ်ဖွန်အသင်းတွင် ကျောနံပါတ် ၂၁ ဝတ်ဆင်ကစားမည်ဖြစ်ပြီး ပထမဆုံးပွဲအဖြစ် ထိုင်းလိဂ်-၃ ကလပ် မေဂျိုယူနိုက်တက်အသင်းနှင့်ပွဲတွင် ပွဲထွက်ကစားခွင့် ရရှိ

ရာသီကုန်တွင် ရီးယဲလ်အသင်းမှ အန်ဆယ်လော့တီထွက်ခွာဖွယ်ရှိနေ

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီသည် ၎င်း၏နည်းပြဘဝစာမျက်နှာသစ်အတွက် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။ ဘရာဇီးလ်လက်ရွေးစင်အသင်း၏ စိတ်ဝင်စားခြင်းကိုခံနေရသည့် အသက် (၆၃)နှစ်အရွယ် အီတလီလူမျိုးဝါရင့်နည်းပြအန်ဆယ်လော့တီသည် မူလက ရီးယဲလ်အသင်းတွင် စာချုပ်သက်တမ်းကုန်မည့် ၂၀၂၄ ခုနှစ်အထိဆက်နေမည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသော်လည်း ယခုအခါရာသီကုန်တွင် စပိန်မြေကိုစွန့်ခွာဖွယ်ရှိနေကြောင်း သိရသည်။ အန်ဆယ်လော့တီသည် လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်ဖူးခြင်းမရှိသေးသောကြောင့် အပြောင်းအလဲပြုလုပ်ရန် လိုလားနေကြောင်းလည်း သိရသည်။

EA Sports ၏ ကမ္ဘာ့ဖလားချန်ပီယံခန့်မှန်းမှု (၄)ကြိမ်ဆက်တိုက် မှန်ကန်ခဲ့

EA Sports သည် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ စက်တင်ဘာလအတွင်းက FIFA 23 ဂိမ်းကို ထုတ်လုပ်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်မည်ဟု ခန့်မှန်းရာ မှန်ကန်ခဲ့သည့်အတွက် ကမ္ဘာ့ဖလားချန်ပီယံ ခန့်မှန်းမှု (၄)ကြိမ်ဆက်တိုက် မှန်ကန်ခြင်းဖြစ်ခဲ့ကြောင်း သိရသည်။ EA Sports သည် ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချက် အသင်း ချန်ပီယံဖြစ်မည်ဟု ခန့်မှန်းရာတွင် လွဲချော်ခဲ့သော်လည်း ၂၀၁၀ ကမ္ဘာ့ဖလားတွင် စပိန်၊ ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဂျာမနီ၊ ၂၀၁၈ ကမ္ဘာ့ဖလားတွင် ပြင်သစ်နှင့် ၂၀၂၂ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနား ဗိုလ်စွဲမည်ဟု ခန့်မှန်းခဲ့ခြင်းများ ဆက်တိုက်မှန်ကန်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲသည် မယုံနိုင်ဖွယ်အောင်မြင်မှုရရှိခဲ့သည့် သမိုင်းဝင်ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်သည်ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ပြောကြား

အာဂျင်တီးနားကို ကမ္ဘာ့ဖလား မရစေလိုဟု ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို ဝန်ခံ

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက တောင်အမေရိကမဟာပြိုင်ဘက် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား မရစေလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းသည် ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားကိုကျော်ကာ ဗိုလ်လုပွဲသို့ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားကို ဗိုလ်စွဲစေလိုသလားဟုမေးမြန်းခဲ့ရာ ရော်နယ်လ်ဒိုက ”မက်ဆီအတွက် ကျွန်တော် ပျော်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြိုင်ဆိုင်မှုကြောင့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရစေချင်တယ်လို့ ပြောရင် ကျွန်တော် ကြောင်သူတော်လုပ်တာပဲ ဖြစ်ပါလိမ့်မယ်”ဟု ဆိုခဲ့သည်။  အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံပြင်သစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားမည်ဟု မန်ယူအသင်းနည်းပြ တန်ဟက်ဂ် အတည်ပြု

မန်ယူအသင်းသည် စီရော်နယ်လ်ဒိုအား လက်လွှတ်လိုက်ရပြီးနောက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်း တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားရန် ရှာဖွေနေကြောင်း နည်းပြ တန်ဟက်ဂ်က အတည် ပြုခဲ့သည်။ အသင်းအနေဖြင့် စျေးကွက်အတွင်း တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေသလားဟု သတင်း ထောက် များ၏ မေးမြန်းမှုကို တန်ဟက်ဂ်က ”ဟုတ်ပါတယ်။ ဒါပေမဲ့ အသင်းအတွက် သင့်တော်မယ့် ကစားသမားကိုသာ ကျွန်တော်တို့ ရှာဖွေနေတာပါ။ ကျွန်တော်တို့ စွမ်းအားရှိသလောက် အရာအားလုံး လုပ်ဆောင်ပါတယ်။ ရရှိလာတဲ့ အခွင့်အလမ်းတိုင်းကိုလည်း ကျွန်တော် သုတေသန လုပ်လေ့ရှိပါတယ်။

ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ဥရောပထိပ်တန်းကလပ်များ စိတ်ဝင်စား

ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဥရောပ ထိပ်တန်းကလပ်အသင်းများဖြစ်သည့် PSG၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။ PSG အသင်းသည် ရပ်ရှ်ဖို့ဒ်ကို ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဘောလုံး သမားများထဲမှ တစ်ဦးဖြစ်လာစေမည့် တစ်ပတ် ပေါင်(၈၅၀၀၀၀)တန် Package ဖြင့် ကမ်းလှမ်းသွားရန် အသင့်ရှိနေသည်။