နယ်သာလန်နှင့်ပွဲ၌ ကစားနိုင်မည်ဟု ပူလီဆစ် အသိပေး

အမေရိကန်တောင်ပံကစားသမား ပူလီဆစ်က မိမိအနေဖြင့် နယ်သာလန်အသင်းနှင့်ကစားမည့် ကမ္ဘာ့ဖလားရှုံးထွက် (၁၆)သင်းအဆင့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဟု အမေရိကန်ပရိသတ်များကို အသိပေးခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် အုပ်စု(B) နောက်ဆုံးပွဲစဉ်တွင် အမေရိကန်အသင်းသည် ပူလီဆစ်၏ တစ်လုံးတည်းသောဂိုးကြောင့် အီရန်အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရကာ အုပ်စုဒုတိယဖြင့် ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အမေရိကန်အသင်းသည် ရှုံးထွက် (၁၆)သင်းအဆင့်တွင် အုပ်စု(A) မှ ပထမရလာသည့် နယ်သာလန်အသင်းနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဒီဇင်ဘာ (၃)ရက်(စနေနေ့)တွင် ကစားမည်ဖြစ်သည်။ ပူလီဆစ်အနေဖြင့် အီရန်အသင်းဘက်သို့ ဂိုးသွင်းရာတွင် ပြိုင်ဘက်ဂိုးသမားနှင့် ထိခိုက်မိပြီး ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့ရာ နယ်သာလန်နှင့်ပွဲအား လွဲချော်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

ပေါ်တူဂီ-ဥရုဂွေးပွဲတွင် LGBT အလံကိုကိုင်ကာ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့သည့် အမျိုးသားပရိသတ် အရေးယူခံရမည်မဟုတ်

၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ပေါ်တူဂီ-ဥရုဂွေးပွဲတွင် LGBTQ+ များကို အားပေးသည့် သက်တံရောင်အလံကို ကိုင်ဆောင်ပြီး ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့သည့် အမျိုးသားပရိသတ်တစ်ဦးသည် ထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာပြီး အရေးယူခြင်းခံရမည်မဟုတ်ကြောင်း သိရှိရသည်။ နိုဝင်ဘာ (၂၈)ရက်က ကစားခ ဲ့သည့် အုပ်စု (H) ပွဲစဉ် ပေါ်တူဂီ (၂-ဝ) ဥရုဂွေးပွဲ၏ ဒုတိယပိုင်းတွင် မာရီယိုဖာရီဆိုသူ အီတလီအမျိုးသား ပရိသတ်သည် Superman တီရှပ်ဝတ်ဆင်ပြီး LGBT အလံကိုင်ဆောင်ကာ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက် ခဲ့သည်။ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် မာရီယိုဖာရီ၏ Superman တီရှပ်တွင် အရှေ့ဘက်၌ “Save Ukarain” (ယူကရိန်းကို ကယ်တင်ပါ) စာသား ပါဝင်သလို၊ နောက်ဘက်တွင် “Respect for Iranian Woman” (အီရန်အမျိုးသမီးကို လေးစားပါ)ဆိုသည့် စာသားရေးသားထားသည်။

မိမိတို့အနေဖြင့် ရှုံးထွက်အဆင့်ပွဲစဉ်များအတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကထက် ယုံကြည်မှုပိုရှိလာကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ် ပြောကြား

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က မိမိတို့အသင်းအနေဖြင့် ရှုံးထွက် အဆင့်ပွဲစဉ်များ(ရှုံးထွက် ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဗိုလ်လုပွဲ)အတွက် ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့သော ပြီးခဲ့သည့် ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားကထက် ယုံကြည်မှုပိုရှိလာကြောင်း ဝေးလ်စ်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် အုပ်စု (B) နောက်ဆုံးပွဲစဉ် ဗြိတိန်ဒါဘီပြိုင်ဘက် ဝေးလ်စ်အသင်းကို ရပ်ရှ်ဖို့ဒ် (၂ ဂိုး)၊ ဖိုဒန်တို့၏ သွင်းဂိုးများကြောင့် (၃-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရမှတ် (၇)မှတ် ရရှိကာ အုပ်စုပထမနေရာဖြင့် ရှုံးထွက် (၁၆) သင်းအဆင့် သို့ တက်ရောက်နိုင်ခဲ့သည်။

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဆောက်ဂိတ်က အသင်း၏ မန်စီးတီးကွင်းလယ်ကြယ်ပွင့်ကစားသမား ဖီးလ်ဖိုဒန်သည် အင်္ဂလန်အသင်း၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆောက်ဂိတ်သည် အမေရိကန်အသင်းနှင့်သရေကျခဲ့သည့်ပွဲစဉ်၌ ဖိုဒန်အား လူစားဝင်ကစားသမားအဖြစ်ပင် အသုံးချခြင်းမရှိခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဖိုဒန်သည် လက်ရှိအချိန်တွင် မန်စီးတီးအသင်း၏ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေကာ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသော်လည်း အင်္ဂလန်အသင်းတွင်မူ (၁၉) မိနစ်သာ ကစားထားရသည်။ ယင်းနှင့်ပတ်သက်သည့် ဝေဖန်မှုများကို ဆောက်ဂိတ်က ”ကျွန်တော်တို့က ဖီးလ်ကို ချစ်ပါတယ်။ သူက စူပါကစား သမားပါ။ သူက ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ အဓိကကစားသမားအဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဖီးလ်က လေ့ကျင့်ရေး ကွင်းမှာလည်း အစွမ်းကုန်ကြိုးစားနေပြီး ဒီပြိုင်ပွဲအတွက် သူ့ရဲ့ချဉ်းကပ်ပုံ အားလုံးဟာ အကောင်းဆုံးအခြေအနေမှာရှိပါတယ်”ဟု ဆိုခဲ့သည်။

ဘရာဇီးလ်အသင်းနည်းပြ ထိထီက ဒဏ်ရာပြဿနာရှိနေသည့် နေမာနှင့် ဒန်နီလို နှစ်ဦးစလုံး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆက်လက်ကစားနိုင်ရန် မျှော်မှန်းထားကြောင်း ပြောကြားထားသည်။ နေမာနှင့် ဒန်နီလိုမှာ ဆားဘီးယားအသင်းနှင့် အုပ်စုအဖွင့်ပွဲ၌ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဆွစ်ဇာလန်အသင်းနှင့် ဒုတိယပွဲကို လွဲချော်ခဲ့သလို ကင်မရွန်း အသင်းနှင့် နောက်ဆုံးပွဲကိုပါ လွဲချော်ဖွယ်ရှိနေသည်။

ဖိုဒန်သည် အင်္ဂလန်အသင်း၏ အရေးပါသည့် ကစားသမားတစ်ဦးဖြစ်နေဆဲဟု အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ပြောကြား

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဆောက်ဂိတ်က အသင်း၏ မန်စီးတီးကွင်းလယ်ကြယ်ပွင့်ကစားသမား ဖီးလ်ဖိုဒန်သည် အင်္ဂလန်အသင်း၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆောက်ဂိတ်သည် အမေရိကန်အသင်းနှင့်သရေကျခဲ့သည့်ပွဲစဉ်၌ ဖိုဒန်အား လူစားဝင်ကစားသမားအဖြစ်ပင် အသုံးချခြင်းမရှိခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဖိုဒန်သည် လက်ရှိအချိန်တွင် မန်စီးတီးအသင်း၏ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေကာ ပရီးမီးယားလိဂ်၏ အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသော်လည်း အင်္ဂလန်အသင်းတွင်မူ (၁၉) မိနစ်သာ ကစားထားရသည်။

ကမ္ဘာ့ဖလားတွင် ဘယ်လ်ဂျီယံက မော်ရိုကိုအသင်းကို ရှုံးပြီးနောက် ဘရက်ဆဲလ်၌ ဆူပူမှုများ ဖြစ်ပွား

ဘရက်ဆဲလ်မြို့လယ်တွင် ဘောလုံးအသင်းပရိသတ်များ၏ ဆူပူတိုက်ခိုက်မှုများကြောင့် ကသောင်းကနင်း အခြေအနေ များ ဖြစ်ပေါ်ခဲ့ရာ ရဲများက မီးသတ်ပိုက်၊ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲနှိမ်နင်းခဲ့ရသည်။ ပရိသတ် ဒါဇင်နှင့်ချီက ဆိုင်ပြတင်းတံခါးများကို ရိုက်ခွဲခြင်း၊ မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်း၊ ကားများကို မီးရှို့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ လူ ၁၁ ဦးကို ဖမ်းဆီးခဲ့ရပြီး အခြားတစ်ဦးကို ဆက်လက် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရော်နယ်လ်ဒိုနဲ့တွဲ ကစားခဲ့ရတဲ့ ‘မယုံနိုင်စရာ’ အတွေ့အကြုံကို ရပ်ရှ်ဖို့ဒ် ချီးကျူး

အင်္ဂလန်တိုက်စစ်မှူး မားကပ် ရပ်ရှ်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ တွဲကစားရတာက “မယုံနိုင်စရာ အတွေ့အကြုံ”တစ်ခုဖြစ်ခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး သူ့ကို သူ့ရဲ့အိုင်ဒေါတစ်ယောက်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကလပ်အသင်းက ကစားသမားနဲ့ ချက်ချင်း စာချုပ် ဖျက်သိမ်းဖို့ နှစ်ဖက် သဘောတူညီမှုတစ်ရပ် ရရှိခဲ့တယ်လို့ ပြောကြားပြီးချိန်မှာ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပါတယ်။

စီရော်နယ်လ်ဒိုသည် ဂါနာနှင့်ပွဲတွင် ပယ်နယ်တီကို ပါရမီရှင်တစ်ဦးပုံစံဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း ဖီဖာနည်းစနစ် လေ့လာရေး အဖွဲ့ဝင် မှတ်ချက်ပြု

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအနေဖြင့် ဂါနာနှင့်ပွဲမှ အငြင်းပွားဖွယ်ပယ်နယ်တီကို ပါရမီရှင်တစ်ဦး ပုံစံဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း  ဖီဖာ၏ နည်းစနစ်လေ့လာရေး အဖွဲ့ဝင် ကိုလံဘီယာဂိုးသမားဟောင်း မွန်ဒရာဂွန်က မှတ်ချက်ပြုခဲ့သည်။ ယင်းပွဲ၌ ဂါနာနောက်ခံလူ ဆာလီဆူက စီရော်နယ်လ်ဒိုကို တားဆီးရာမှ ပေါ်တူဂီအသင်း ပယ်နယ်တီရရှိခဲ့ ခြင်းဖြစ်သည်။ ဂါနာနည်းပြ အော့တိုအက်ဒိုက အဆိုပါဆုံးဖြတ်ချက်မှာ ဒေါသထွက်စရာဖြစ်သလို ပေါ်တူဂီအသင်းအား အထူးလက်ဆောင်ပေး လိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

အာဂျင်တီးနား-မက္ကဆီကိုပွဲတွင် ပရိသတ်(၈၈၉၆၆)ဦး လာရောက်ကြည့်ရှုခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၂၈)နှစ်အတွင်း ပရိသတ်အများဆုံးပွဲအဖြစ် စံချိန်တင်

စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သော အာဂျင်တီးနား ၂-၀ မက္ကဆီကိုပွဲတွင် Lusail Iconic Stadium ၌ ကွင်းအတွင်း လာရောက်ကြည့်ရှုသည့်ပရိသတ် (၈၈၉၆၆)ဦး ရှိခဲ့သည့်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၂၈) နှစ်အတွင်း ပရိသတ် အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ဖီဖာက ကြေညာခဲ့သည်။ အဆိုပါကွင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသုံးပြုနေသည့် ကွင်း(၈)ကွင်းထဲ၌ အကြီးဆုံးဖြစ်ပြီး ပရိသတ်ဝင်ဆံ့မှုမှာလည်း (၈၈၉၆၆)ဦးပင်ဖြစ်၍ အာဂျင်တီးနား-မက္ကဆီကိုပွဲတွင် ပရိသတ်ကွင်းလုံးပြည့် လာရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ဗန်ဟားလ်အတွက် လိမ္မော်ရောင်တပ်သားတွေအားလုံးအဆင်သင့်

နယ်သာလန်ရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ကတော့ ရလဒ်ကောင်းခဲ့တယ်။ အာဖရိကနိုင်ငံများ ဖလားလက်ရှိ ချန်ပီယံဆီနီဂေါကို (၂-ဝ)ဂိုးနဲ့အနိုင်ယူလိုက်ပြီး အဖွင့်လှခဲ့တယ်။ ဒီနိုင်ပွဲက နယ်သာလန်ရဲ့ ရှေ့ခရီးမျှော်လင့်ချက် တွေ အတွက်အားဆေးတစ်ခွက်ဆိုလည်းမမှားဘူး။ ဒါ့ပြင် ဒီပွဲနိုင်ပွဲကြောင့် နယ်သာလန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ခုရဲ့ အုပ်စုတွင်းပွဲတွေမှာ (၇)ပွဲဆက်အနိုင်ကိုလည်း ပိုင်ဆိုင်ခဲ့တယ်။