စီရော်နယ်လ်ဒိုသည် ဂါနာနှင့်ပွဲတွင် ပယ်နယ်တီကို ပါရမီရှင်တစ်ဦးပုံစံဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း ဖီဖာနည်းစနစ် လေ့လာရေး အဖွဲ့ဝင် မှတ်ချက်ပြု

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအနေဖြင့် ဂါနာနှင့်ပွဲမှ အငြင်းပွားဖွယ်ပယ်နယ်တီကို ပါရမီရှင်တစ်ဦး ပုံစံဖြင့် ရယူခဲ့ခြင်းဖြစ်ကြောင်း  ဖီဖာ၏ နည်းစနစ်လေ့လာရေး အဖွဲ့ဝင် ကိုလံဘီယာဂိုးသမားဟောင်း မွန်ဒရာဂွန်က မှတ်ချက်ပြုခဲ့သည်။ ယင်းပွဲ၌ ဂါနာနောက်ခံလူ ဆာလီဆူက စီရော်နယ်လ်ဒိုကို တားဆီးရာမှ ပေါ်တူဂီအသင်း ပယ်နယ်တီရရှိခဲ့ ခြင်းဖြစ်သည်။ ဂါနာနည်းပြ အော့တိုအက်ဒိုက အဆိုပါဆုံးဖြတ်ချက်မှာ ဒေါသထွက်စရာဖြစ်သလို ပေါ်တူဂီအသင်းအား အထူးလက်ဆောင်ပေး လိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။

ဖီဖာနည်းစနစ်လေ့လာရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ မွန်ဒရာဂွန်ကမူ မီဒီယာတွေ့ဆုံပွဲတွင် စီရော်နယ်လ်ဒိုမှာ ပါရမီရှင် တစ်ဦးပုံစံ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။ “တိုက်စစ်မှူးတွေ ကပဲ ပိုပြီး ထက်မြက်လာတာလား။ ရော်နယ်လ်ဒိုရခဲ့တဲ့ ပယ်နယ်တီကို ကြည့်လိုက်ရင် လူတွေကတော့ သူ့အကြောင်းကို သူတို့ပြောချင်တာ ပြောကြမှာ ပါ။ ဒါပေမဲ့ ထက်မြက်မှုနဲ့ စိတ်ရှည်ပြီး ပညာသားပါပါ တွေးခေါ်မှု လည်းပါတယ်။ ခင်ဗျားထက် စက္ကန့်လောက် စောပြီး ဘောလုံးကိုထိဖို့ စောင့်နေရသလို ကိုယ့်ခြေထောက်ကို သူက လာထိဖို့အတွက်လည်း ဆက်ပြီးလုပ်ရတယ်။ အဲဒါက လုံးဝပါရမီရှင်ပါပဲ” ဟု ၎င်းက ဆိုခဲ့သည်။