အင်ဒိုနီးရှားတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၃၁၀ အထိ မြင့်တက်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းတွင် ယခုသီတင်းပတ်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မြေပြိုမှုများ အတွင်း ကယ်ဆယ်ရေးသမားများက နောက်ထပ်အလောင်းများကို တွေ့ရှိခဲ့ပြီးနောက်သေဆုံးသူပေါင်း ၃၁၀ ဦးအထိ မြင့်တက်လာခဲ့ပြီး ၂၄ ဦးထက် မနည်း ပျောက်ဆုံးနေသေးသည်ဟု တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ အနောက်ဂျာဗားရှိ ပျက်စီးနေသော မြို့များတွင်ဒေသခံများသည် နိုဝင်ဘာ ၂၅ ရက် သောကြာနေ့ဝတ်ပြု သူများသည် ပျက်စီးလုနီးပါးဖြစ်နေသောဗလီ အနီးတွင် စုဝေးခဲ့ကြသည်။နိုဝင်ဘာ ၂၁ရက် တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ရွှွံ့များ၊ ကျောက်တုံးများနှင့် ကျိုးကျနေသော သစ်ပင် များဖြင့် ပြည့်နှက်နေသည့် မြေပြိုမှုများဖြစ် ပွားခဲ့သော တောင်ထူထပ်သည့် ဆီရန်ဂျာခ ရိုင်ရှိ နေရာနှစ်နေရာတွင် နိုဝင်ဘာ ၂၅ရက် က အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေ ဂျင်စီအကြီးအကဲ ဟန်ရီ အယ်ဖီရန်ဒီကပြော ကြားခဲ့သည်။ လူ ၂၀၀၀ ကျော်ကို ထိခိုက်ဒဏ် ရာရရှိစေသောရစ်ချ်တာစကေး ၅.၆ပြင်းအား  ရှိ ငလျင် လှုပ်ခတ်ချိန်ကတည်းက ကယ်ဆယ် ရေးသမား ၁၄၀၀ ကျော်သည် အပျက်အစီး များအကြားတွင် ရှာဖ ွေကယ်ဆယ်ရေး ပြုလုပ် နေကြသည်။