အာဂျင်တီးနားကို ကမ္ဘာ့ဖလား မရစေလိုဟု ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို ဝန်ခံ

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက တောင်အမေရိကမဟာပြိုင်ဘက် အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား မရစေလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ အာဂျင်တီးနားအသင်းသည် ဆီမီးဖိုင်နယ်တွင် ခရိုအေးရှားကိုကျော်ကာ ဗိုလ်လုပွဲသို့ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည်။ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားကို ဗိုလ်စွဲစေလိုသလားဟုမေးမြန်းခဲ့ရာ ရော်နယ်လ်ဒိုက ”မက်ဆီအတွက် ကျွန်တော် ပျော်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြိုင်ဆိုင်မှုကြောင့် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရစေချင်တယ်လို့ ပြောရင် ကျွန်တော် ကြောင်သူတော်လုပ်တာပဲ ဖြစ်ပါလိမ့်မယ်”ဟု ဆိုခဲ့သည်။  အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲတွင် လက်ရှိချန်ပီယံပြင်သစ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားမည်ဟု မန်ယူအသင်းနည်းပြ တန်ဟက်ဂ် အတည်ပြု

မန်ယူအသင်းသည် စီရော်နယ်လ်ဒိုအား လက်လွှတ်လိုက်ရပြီးနောက် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်း တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားရန် ရှာဖွေနေကြောင်း နည်းပြ တန်ဟက်ဂ်က အတည် ပြုခဲ့သည်။ အသင်းအနေဖြင့် စျေးကွက်အတွင်း တိုက်စစ်မှူးသစ်တစ်ဦး ရှာဖွေနေသလားဟု သတင်း ထောက် များ၏ မေးမြန်းမှုကို တန်ဟက်ဂ်က ”ဟုတ်ပါတယ်။ ဒါပေမဲ့ အသင်းအတွက် သင့်တော်မယ့် ကစားသမားကိုသာ ကျွန်တော်တို့ ရှာဖွေနေတာပါ။ ကျွန်တော်တို့ စွမ်းအားရှိသလောက် အရာအားလုံး လုပ်ဆောင်ပါတယ်။ ရရှိလာတဲ့ အခွင့်အလမ်းတိုင်းကိုလည်း ကျွန်တော် သုတေသန လုပ်လေ့ရှိပါတယ်။

ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ဥရောပထိပ်တန်းကလပ်များ စိတ်ဝင်စား

ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ဥရောပ ထိပ်တန်းကလပ်အသင်းများဖြစ်သည့် PSG၊ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းများက စိတ်ဝင်စားနေကြောင်း သိရသည်။ PSG အသင်းသည် ရပ်ရှ်ဖို့ဒ်ကို ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဘောလုံး သမားများထဲမှ တစ်ဦးဖြစ်လာစေမည့် တစ်ပတ် ပေါင်(၈၅၀၀၀၀)တန် Package ဖြင့် ကမ်းလှမ်းသွားရန် အသင့်ရှိနေသည်။

မန်ယူအသင်း၏ စပိန်ခရီးစဉ်တွင် ဆန်ချို မပါဝင်

မန်ယူအသင်း၏ စပိန်ခရီးစဉ်တွင် တောင်ပံကစားသမား ဆန်ချို ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။ မန်ယူအသင်း၏ထုတ်ပြန်ချက်တွင် ဂျေဒန်ဆန်ချိုသည် အမြင့်ဆုံးအဆင့်သို့ ပြန်ရောက်ရန်အတွက် သီးသန့်လေ့ကျင့်ခန်းများ ပြုလုပ်နေပြီး ကလပ်အသင်းအနေဖြင့် သူ့အား အပြည့်အဝထောက်ခံ အားပေး နေကြောင်း ရေးသားခဲ့သည်။ ဆန်ချိုသည် နယ်သာလန်တွင် သီးသန့်လေ့ကျင့်ခန်းဆင်းနေပြီး ပြီးခဲ့သည့် လက ဒတ်ချ်အပျော်တမ်းကလပ် OJC Rosmalen အသင်းတွင် သီးခြားလေ့ကျင့်ခန်းဆင်းခဲ့သည်။ ဒဏ်ရာမှ ပြန်ကောင်းလာသော နောက်ခံလူ ဝမ်ဘစ်ဆာကာနှင့် ဘရန်ဒန်ဝီလျံစ်တို့မှာ အသင်း၏ စပိန်ခရီးစဉ်တွင် ပါဝင်သွားခဲ့ပြီး တွမ်ဇီဘီမှာမူ အသင်းလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်မည်ဖြစ်သည်။ မန်ယူအသင်းသည် စပိန်ခရီးစဉ်တွင် ကာဒစ်ဇ်၊ ဘက်တစ်တို့နှင့် ခြေစမ်းကစားမည် ဟု သိရသည်။

ဇာတ်သိမ်းမလှတဲ့ ရွှေရောင်မျိုးဆက်ရဲ့နေဝင်ချိန်

ခရိုအေးရှားနဲ့ ဂိုးမရှိသရေကျတဲ့ ပွဲအပြီးမှာ အသင်းရဲ့ အရန်ခုံတန်းလျားကို လူကာကူ လက်သီးနဲ့ ထိုးတယ်။ နီရဲနေတဲ့ လူကာကူရဲ့မျက်လုံးမှာ သူ့ရဲ့ဒေါသတွေကို အထင်သားမြင်နေရတာပါ။ ဘယ်လ်ဂျီယံ လက်ထောက်နည်းပြ အွန်နရီက စိတ်ပျက်နေတဲ့ လူကာကူကို နှစ်သိမ့်ပေးရှာတယ်။ နောက်ဆုံးမှာတော့ လူကာကူဟာ ထိုင်ချလိုက်ပြီး အင်္ကျီကိုဆွဲတင်ကာ သူ့ရဲ့မျက်နှာကိုဖုံးအုပ်လိုက်တယ်။


အာဂျင်တီးနားနှင့်အပြိုင် ကမ္ဘာ့ဖလားချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အကောင်းဆုံးအသင်းများမှာ ဘရာဇီးလ်၊ ပြင်သစ်နှင့် စပိန်တို့ဖြစ်သည်ဟု မက်ဆီဆို

အာဂျင်တီးနားအသင်း၏ ဝါရင့်တိုက်စစ်မှူးမက်ဆီက ရှုံးထွက်အဆင့်ရောက်ရှိနေပြီဖြစ်သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မိမိတို့နှင့်အတူ ချန်ပီယံဆုကို စိန်ခေါ် နိုင်သည့် အကောင်းဆုံး   အသင်းများမှာ ဘရာဇီးလ်၊ ပြင်သစ်နှင့် စပိန်တို့ဖြစ်သည်ဟု ပြောကြားခဲ့သည်။ မက်ဆီ၏ အာဂျင်တီးနားအသင်းသည် လက်ရှိအချိန်၌ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ထားပြီဖြစ်ပြီး သြစတြေးလျအသင်းကို အနိုင်ရအပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မက်ဆီက “အာဂျင်တီးနားက ချန်ပီယံဆုကို စိန်ခေါ် နိုင်တဲ့ အသင်းတွေထဲက တစ်သင်းပါ။ အာဂျင်တီးနားက အကောင်းဆုံးအသင်း တွေထဲမှာ အမြဲပါဝင်တဲ့ အင်အားကြီးအသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ပြင်သစ်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျရူး စံချိန်တင်ခဲ့ပြီး လီလီယန်သူရမ်၏ ပွဲအများဆုံး စံချိန်ကို ဂိုးသမား လိုရစ် လိုက်မီ

ပြင်သစ်အသင်းက ပိုလန်အသင်းကို (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ဝါရင့်တိုက်စစ်မှူး ဂျရူးက သွင်းဂိုးစံချိန်သစ် ပိုင်ဆိုင်ခဲ့ပြီး ဂိုးသမား ဟူဂိုလိုရစ်က ပွဲအများဆုံးစံချိန်အား လိုက်မီခဲ့ကြောင်း သိရသည်။

ဂျရူးသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၌ (၃)ဂိုးမြောက်ဂိုးကို ပိုလန်နှင့်ပွဲ၌ သွင်းယူခဲ့ပြီးနောက် ပြင်သစ် အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် သီယာရီအွန်နရီနှင့် ပူးတွဲရပ်တည်နေရာမှ အဆိုပါဂုဏ်ပုဒ် ကို တစ်ဦးတည်းလွတ်လွတ်ကျွတ်ကျွတ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ဂျရူးသည် ပြင်သစ်အသင်းအတွက် (၁၁၇)ပွဲမြောက်ယှဉ်ပြိုင်ကစားရာ၌ (၅၂)ဂိုးမြောက်သွင်းယူကာ (၁၂၃)ပွဲကစားရာတွင် (၅၁) ဂိုးသွင်းယူ ခဲ့သည့် အွန်နရီကို ကျော်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။