မက်ဆီနှင့် မဟာပြိုင်ဘက် အာဂျင်တီးနားကို ကမ္ဘာ့ဖလား ရစေလိုသည်ဟု ရီဗာလ်ဒို ဆို

ဘရာဇီးလ်ဂန္ထဝင် ရီဗာလ်ဒိုက မက်ဆီနှင့် ၎င်းတို့၏မဟာပြိုင်ဘက် အာဂျင်တီးနားကို ကမ္ဘာ့ဖလားရစေ လိုကြောင်း အံ့အားသင့်ဖွယ်ပြောကြားခဲ့သည်။ ဘရာဇီးလ်အသင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် မှထွက်ခွာခဲ့ရပြီး ၎င်းတို့၏ မဟာပြိုင်ဘက် အာဂျင်တီးနားမှာမူ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ထို့ကြောင့် ရီဗာလ်ဒိုသည် သူ၏ Instagram  တွင် မက်ဆီ၏ပုံကိုတင်ကာ မက်ဆီအား ကမ္ဘာ့ဖလား ရစေလိုကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။ ၎င်းက ”ဘရာဇီးလ်နဲ့ နေမာ မရှိတော့ဘူးဆိုတော့ ဗိုလ်လုပွဲမှာ အာဂျင်တီးနားကို ကျွန်တော် အားပေးချင်ပါတယ်။ မက်ဆီအတွက် ဘာမှ ပြောစရာမရှိပါဘူး။ သူဟာ အရင်ကတည်းက ကမ္ဘာ့ဖလားနဲ့ ထိုက်တန်ပြီးသားပါ။ ဒါပေမဲ့ ဘုရားသခင်က အားလုံးကို သိပြီး တနင်္ဂနွေမှာ မင်းကို ဆုပေးလိမ့်မယ်။ မင်းရဲ့ အံ့သြစရာစွမ်းဆောင်မှုတွေအတွက် ဦးညွတ်ပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ”ဟု Instagram တွင် ရေးသားခဲ့သည်။