သင်တန်းကြေး ငါးသောင်းသာကျမည့် ၂၀၂၃ ခုနှစ် နွေ ရာသီလူငယ်ဘောလုံးသင်တန်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ၂၀၂၃ ခုနှစ် နွေ ရာသီလူငယ်ဘောလုံးသင်တန်း အမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂) တို့အား ရန်ကုန်၊ မန္တလေးတို့၌ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝန်းရှိ ကျောင်းသားလူငယ်များအတွက် အခြေခံဘောလုံးပညာများကို သင်ကြားပေးသွားမည်ဖြစ်ကာ အမှတ်စဉ်(၁)နှင့်အမှတ်စဥ်(၂)တို့အား ရန်ကုန်နှင့်မန္တလေးရှိ မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်(MFF )ဘောလုံး အကယ်ဒမီများနှင့် ဗဟန်းကွင်းတို့တွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

အမှတ်စဉ်(၁)အား မတ် ၁ ရက်မှဧပြီ ၁၀ ရက်အ ထိ၊ အမှတ်စဉ် (၂)အား ဧပြီ ၁၉ ရက်မှမေ ၂၉ ရက်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရှိ အာရှဘောလုံးအဖွဲ့ချုပ်နည်းပြလိုင်စင်ရ သင်တန်းဆ ရာများက ကြီးကြပ်သင်ကြား ပေးသွားမည်ဖြစ် သည်။

အခြေခံဘောလုံးသင်တန်းတက်ရောက်လိုသည့် ကလငယ်များသည် အသက် ၉ နှစ်မှ ၁၅နှစ် အ တွင်း(ကျား/မ) မည်သူမဆို တက်ရောက်နိုင်ကာ  အပတ်စဉ် တနင်္လာ၊ဗုဒ္ဓဟူးနှင့်သောကြာနေ့များတွင် နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲ အထိ သင်ကြားရမည်ဖြစ်သည်။

သင်တန်းကြေးအဖြစ် တစ်ဦးလျင် ၅၀၀၀၀ ကျပ်သတ်မှတ်ထားကာ ဝတ်စုံတစ်စုံစီနှင့် MFF အသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်ရရှိမည်ဖြစ်ကာ တက်ရောက်လိုသူများအနေဖြင့် သင်တန်းဖွင့်လှစ်မည့် အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)နှင့်မြန်မာ့ဘောလုံးအကယ်ဒမီ(မန္တလေး)သို့  ဖေဖော်ဝါရီ  ၂၈ ရက်နောက်ဆုံးထား၍ ရုံးချိန်အ တွင်း လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက ရန်ကုန် ဖုန်း ၀၉ ၄၀၃၇၂၅၄၂၅ ၊ မန္တလေး ဖုန်း ၀၉ ၄၂၆၅၅၀၀၆၆  တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။