ေဆာ္ဒီကလပ္ AL Hilal အသင္းသို႔ ေနမာ ေျပာင္းေရႊ႕

အသက္ ၃၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးတိုက္စစ္မႉး ေနမာ ဟာ ေဆာ္ဒီကလပ္ Al Hilal ကို ေျပာင္းေရြ႕သြားၿပီျဖစ္ပါတယ္။
ေဆာ္ဒီကလပ္ AL Hilal အသင္းက (၂)ႏွစ္စာခ်ဳပ္နဲ႔ ၂၀၂၅ ခုႏွစ္ ဇြန္လ ၃၀ ရက္အထိ ေျပာင္းေရႊ႕မွာျဖစ္ၿပီး တစ္လလုပ္ခလစာ ယူရို သန္း(၉၀)နဲ႔ (၂)ႏွစ္စာအတြက္ ယူရို သန္း(၁၈၀)အထိေပးေခ်သြားဖို႔ ကမ္းလွမ္းခဲ့ရာ ေနမာကလည္း လက္ခံထားခဲ့ပါတယ္။
ျမန္မာေငြနဲ႔ဆို တစ္ေန႔ကို သိန္း ၉၀၀၀ နီးပါးရရွိမွာျဖစ္ပါတယ္။
ေနမာရဲ့ အေျပာင္းအေရြ႕ေၾကာင့္ PSG အသင္းဟာလည္း ယူရို သန္း ၁၀၀ နီးပါး ရရွိခဲ့တယ္္လို႔ သိရပါတယ္။ ေနမာဟာ Al Hilal အသင္းမွာ ေက်ာနံပါတ္ ၁၀ ကို ၀တ္ဆင္ကစားမွာျဖစ္ၿပီး မၾကာမွီအခ်ိန္အတြင္း ေဆးစစ္မႈမ်ား ျပဳလုပ္ၿပီးေနာက္ အသင္းနဲ႔ မိတ္ဆက္ပြဲကို ျပဳလုပ္မွာျဖစ္ပါတယ္။

====================================

ဆော်ဒီကလပ် AL Hilal အသင်းသို့ နေမာ ပြောင်းရွှေ့

 

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှူး နေမာ ဟာ ဆော်ဒီကလပ် Al Hilal ကို ပြောင်းရွေ့သွားပြီဖြစ်ပါတယ်။

ဆော်ဒီကလပ် AL Hilal အသင်းက (၂)နှစ်စာချုပ်နဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ပြောင်းရွှေ့မှာဖြစ်ပြီး  တစ်လလုပ်ခလစာ ယူရို သန်း(၉၀)နဲ့ (၂)နှစ်စာအတွက် ယူရို သန်း(၁၈၀)အထိပေးချေသွားဖို့ ကမ်းလှမ်းခဲ့ရာ နေမာကလည်း လက်ခံထားခဲ့ပါတယ်။

မြန်မာငွေနဲ့ဆို တစ်နေ့ကို သိန်း ၉၀၀၀ နီးပါးရရှိမှာဖြစ်ပါတယ်။

နေမာရဲ့ အပြောင်းအရွေ့ကြောင့် PSG အသင်းဟာလည်း ယူရို သန်း ၁၀၀ နီးပါး ရရှိခဲ့တယ််လို့ သိရပါတယ်။ နေမာဟာ Al Hilal အသင်းမှာ ကျောနံပါတ် ၁၀ ကို ၀တ်ဆင်ကစားမှာဖြစ်ပြီး မကြာမှီအချိန်အတွင်း ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် အသင်းနဲ့ မိတ်ဆက်ပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။