
သြဂုတ် ၁၆၊ နေပြည်တော်

=======================================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၂၀၂၃ ခုနှစ်၊ ပါတီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ​ဗိုလ်လုပွ​ဲနှင့် ဆုပေးပွ​ဲအခမ်းအနား ကျင်းပပြုလုပ်
သြဂုတ် ၁၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပါတီဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၁၅-၈-၂၀၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပါတီဌာနချုပ်ဝန်းအတွင်းရှိ အားကစားကွင်း၌ ပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ တာဝန်ရှိသူများနှင့် မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ တက်ရောက်ခဲ့ပါသည်။
ထို့နောက် ဌာနချုပ် (က)အသင်းနှင့် (ခ)အသင်းတို့၏ ဗိုလ်လုပွဲယှဥ်ပြိုင်ကစားမှုအား ပျော်ရွှင်စွာ ကြည့်ရှုအားပေးကြပါသည်။ ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက ပထမဆုရရှိသော ဌာနချုပ် (ခ)အသင်းနှင့် ဒုတိယဆုရရှိသော (က)အသင်းတို့အား ဆုဖလားနှင့် ဆုငွေများအား ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။