ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး မိုးညှင်းခရိုင်နှင့် မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

မိုးညှင်း၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီခန်းမတွင် မိုးညှင်းခရိုင်နှင့် မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် သက်ဆိုင်ရာတာဝန်ရှိသူများမှ မိမိတို့ခရိုင်၊ မြို့နယ်များရှိ ပါတီအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်စိုး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာ အောင်မြတ်ဦး၊ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်၊ မိုးညှင်း ခရိုင်/မြို့နယ်မှ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် ပါတီဝင်များတက်ရောက်ခဲ့ကြသည်။