မန္စီးတီးအသင္း နဲ႔ ဆီဗီလာအသင္း ဥေရာပစူပါဖလား ဗိုလ္လုမည္

ျမန္မာစံေတာ္ခ်ိန္အားျဖင့္ ဩဂုတ္လ(၁၇)ရက္ ၾကာသပေတးနံနက္ (၁:၃၀) အခ်ိန္မွာ လူဦးေရ သုံးေသာင္း သုံးေထာင္ေက်ာ္ ဝင္ဆံ့တဲ့ အိုလံပီယာေကာ့စ္ ရဲ့ Karaiskakis Stadium မွာ ယွဥ္ၿပိဳင္ဗိုလ္လုပြဲကစားမွာ ျဖစ္ပါတယ္။

ဥေရာပဖလား ခ်န္ပီယံ ပထမဆုံးအႀကိမ္ ရရွိထားတဲ့ မန္စီးတီးတို႔အတြက္ ပထမဆုံးေသာ စူပါဖလားပြဲ ယွဥ္ၿပိဳင္မႈလဲ ​ျဖစ္လာပါတယ္။

ဒါေပမယ့္ ဒီပြဲကစားဖို႔ ဂရိနိုင္ငံကို ထြက္ခြာသြားတဲ့ မန္စီးတီးလူစာရင္းမွာ ဒီဘရိုင္း ၊ ဘာနာဒို ၊ ဒီယက္ဇ္ စတဲ့ အမာခံတခ်ိဳ႕ ပါဝင္လာျခင္း မရွိခဲ့ပါဘူး ။ ဒီယက္ဇ္ ဟာ ဒဏ္ရာေၾကာင့္ နားေနရသူ ျဖစ္ၿပီး ဒီဘရိူင္း ၊ ဘာနာဒို တို႔ကေတာ့ ၿပီးခဲတဲ့ ပြဲမွာမွ ထိခိုက္ဒဏ္ရာရခဲ့လို႔ ဒီစူပါဖလားပြဲကို လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

==================================

မန်စီးတီးအသင်း နဲ့ ဆီဗီလာအသင်း ဥရောပစူပါဖလား ဗိုလ်လုမည်

မြန်မာစံတော်ချိန်အားဖြင့် ဩဂုတ်လ(၁၇)ရက် ကြာသပတေးနံနက် (၁:၃၀) အချိန်မှာ လူဦးရေ သုံးသောင်း သုံးထောင်ကျော် ဝင်ဆံ့တဲ့ အိုလံပီယာကော့စ် ရဲ့ Karaiskakis Stadium မှာ ယှဉ်ပြိုင်ဗိုလ်လုပွဲကစားမှာ ဖြစ်ပါတယ်။

ဥရောပဖလား ချန်ပီယံ ပထမဆုံးအကြိမ် ရရှိထားတဲ့ မန်စီးတီးတို့အတွက် ပထမဆုံးသော စူပါဖလားပွဲ ယှဉ်ပြိုင်မှုလဲ ​ဖြစ်လာပါတယ်။

ဒါပေမယ့် ဒီပွဲကစားဖို့ ဂရိနိုင်ငံကို ထွက်ခွာသွားတဲ့ မန်စီးတီးလူစာရင်းမှာ ဒီဘရိုင်း ၊ ဘာနာဒို ၊ ဒီယက်ဇ် စတဲ့ အမာခံတချို့ ပါဝင်လာခြင်း မရှိခဲ့ပါဘူး ။ ဒီယက်ဇ် ဟာ ဒဏ်ရာကြောင့် နားနေရသူ ဖြစ်ပြီး ဒီဘရိူင်း ၊ ဘာနာဒို တို့ကတော့ ပြီးခဲတဲ့ ပွဲမှာမှ ထိခိုက်ဒဏ်ရာရခဲ့လို့ ဒီစူပါဖလားပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။