မာရဝိဇယ ႐ုပ္ပြားေတာ္ျမတ္ အခမဲ့ဖူးေျမာ္ခြင့္ ရက္ထပ္တိုး၊ ဩဂုတ္ ၂၀ရက္မွစ၍ ဝင္ေၾကးေကာက္မည္

ေနျပည္ေတာ္ ျပည္ေထာင္စု‌နယ္ေၿမ ဒကၡိဏသီရိၿမိဳ႕နယ္မွာရွိတဲ့ မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ဩဂုတ္၁၉ရက္ အထိ အခမဲ့ ဖူး‌ေျမာ္ခြင့္ ရက္ထပ္တိုးလိုက္ၿပီး ဩဂုတ္ ၂၀ရက္မွစကာ ဝင္ေၾကးေကာက္ခံသြားမွာျဖစ္တယ္လို႔ နစကသတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ပါတယ္။
ဩဂုတ္ ၂၀ရက္ကစၿပီး မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ဝင္ေရာက္ဖူးေျမာ္ၾကည္ညိဳခြင့္ သတ္မွတ္ႏႈန္းထား ေတြအျဖစ္ လူႀကီးတစ္ေယာက္ကို က်ပ္၁၀၀၀၊ ကေလးတစ္ေယာက္(ရင္ခြင္ပိုက္မပါ) က်ပ္ ၁၀၀၀၊ နိုင္ငံျခားသား တစ္ေယာက္ကို အေမရိကန္ေဒၚလာ ၁၀ေဒၚလာ သတ္မွတ္ထားတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အေပ်ာ္ရိုက္ကင္မရာ (ဖုန္း/ကင္မရာ) က်ပ္၅၀၀၀၊ အလွဓာတ္ပုံရိုက္/ Videoအပါ က်ပ္ ၅၀၀၀၀ သတ္မွတ္ထားၿပီး နာရီဝက္ပိုတိုင္း က်ပ္ ၅၀၀၀ ထပ္မံေကာက္ခံသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ယာဥ္ဝင္ခြင့္အေနနဲ႔လည္း ကား၁စီး(ကားပါကင္အထိ)ကို က်ပ္ ၂၀၀၀၀၊ Buggy ၁စီး (၄ေယာက္စီး) ၁နာရီစာ က်ပ္၁၀၀၀၀ႏႈန္း သတ္မွတ္ထားတယ္လို႔ ထုတ္ျပန္ထားပါတယ္။

===========================================

မာရဝိဇယ ရုပ်ပွားတော်မြတ် အခမဲ့ဖူးမြော်ခွင့် ရက်ထပ်တိုး၊ ဩဂုတ် ၂၀ရက်မှစ၍ ဝင်ကြေးကောက်မည်

 

နေပြည်တော် ပြည်ထောင်စု‌နယ်မြေ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဩဂုတ်၁၉ရက် အထိ အခမဲ့ ဖူး‌မြော်ခွင့် ရက်ထပ်တိုးလိုက်ပြီး ဩဂုတ် ၂၀ရက်မှစကာ ဝင်ကြေးကောက်ခံသွားမှာဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၀ရက်ကစပြီး မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို ဝင်ရောက်ဖူးမြော်ကြည်ညိုခွင့် သတ်မှတ်နှုန်းထား တွေအဖြစ် လူကြီးတစ်ယောက်ကို ကျပ်၁၀၀၀၊ ကလေးတစ်ယောက်(ရင်ခွင်ပိုက်မပါ) ကျပ် ၁၀၀၀၊ နိုင်ငံခြားသား တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၁၀ဒေါ်လာ သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ကျပ်၅၀၀၀၊ အလှဓာတ်ပုံရိုက်/ Videoအပါ ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး နာရီဝက်ပိုတိုင်း ကျပ် ၅၀၀၀ ထပ်မံကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ယာဉ်ဝင်ခွင့်အနေနဲ့လည်း ကား၁စီး(ကားပါကင်အထိ)ကို ကျပ် ၂၀၀၀၀၊ Buggy ၁စီး (၄ယောက်စီး) ၁နာရီစာ ကျပ်၁၀၀၀၀နှုန်း သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။