ဘင်္ဂါလီစကားဖြင့် ထုတ်လွှင့်နေသော မေယုအက်ဖ်အမ် အစီအစဉ်ကို ကန့်ကွက်ဆန္ဒဖော်ထုတ်မည်

ဘင်္ဂါလီဘာသာစကား ဖြင့် အသံထုတ်လွှင့်နေသည့် မေယု FM ရေဒီယိုအစီအစဉ်ကို ရခိုင်ပြည်နယ်ရှိ မြို့များတွင် ဖေဖော်ဝါရီ ၁၀ ရက်၌ တစ်ပြိုင်တည်း ကန့်ကွက်ဆန္ဒဖော်ထုတ် မည်ဟု သတင်းရရှိသည်။

မေယု FM ရေဒီယိုအစီအစဉ် ကို ပြန်ကြားရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ၍ ဗမာ၊ ရခိုင်၊ ဘင်္ဂါလီဘာသာစကားသုံးမျိုးဖြင့် ဖေဖော်ဝါရီ ၁ ရက်ကစ၍ မောင် တောခရိုင်တွင် စမ်းသပ်အသံ ထုတ်လွှင့်နေခြင်းဖြစ်သည်။

ဘင်္ဂါလီဘာသာစကားဖြင့် ထုတ်လွှင့်ခြင်းနှင့်ပတ်သက်၍ အ ချို့သော တိုင်းရင်းသားဒေသများတွင် ၎င်းတို့ဘာသာစကားဖြင့် အ သံထုတ်လွှင့်နိုင်ခြင်းမရှိသေးချိန် ၌ ဘင်္ဂါလီစကားဖြင့် ထုတ်လွှင့် ခြင်းကြောင့် သမိုင်းအထောက်အထားအဖြစ် မှတ်ယူမည်ကို စိုးရိမ် ကြောင်း ရခိုင်ဒေသခံများကပြော သည်။

ဘင်္ဂါလီဘာသာစကားဖြင့် ထုတ်လွှင့်နေသည့် မေယု FM ရေဒီယိုအစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ရက်တွင် ရခိုင်ပြည်နယ်မြေပုံ၊ ကျောက်တော်၊ တောင်ကုတ်အ ပါအ၀င် ၁၀ မြို့နယ်ခန့်တွင် တစ် ပြိုင်တည်း   ကန့်ကွက်ဆန္ဒဖော် ထုတ်မည်ဖြစ်ကြောင်း ရခိုင်အမျိုး သား အင်အားစုများက ပြော သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန် ရှိသူများက အစိုးရဆောင်ရွက် ချက်များသိရှိစေရန် ဘင်္ဂါလီဘာ သာစကားဖြင့် မေယု FM ကို စမ်း သပ်အသံလွှင့်နေခြင်းဖြစ်ပြီး ဝေ ဖန်မှုများအပေါ် မူတည်၍ ပြန် လည်ဆွေးနွေးဆောင်ရွက်မည် ဖြစ်ကြောင်း ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့က တော့ ဒါစမ်းသပ်ထုတ်လွှင့်နေဆဲ ကာလဖြစ်တာမို့ အားလုံးရဲ့ ဝေ ဖန်မှုတွေအပေါ်မှာ ပြန်လည်ပြီး တင်ပြဆောင်ရွက်သွားပါမယ်’’ ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး က ပြောသည်။