အသင်းတစ်သင်းအတွက် ပရီးမီးယားလိဂ်ပွဲ ၄၀၀ ပြည့်ပထမဆုံးဂိုးသမားအဖြစ် ဒီဂီယာစံချိန်တင်

မန်ယူဂိုးသမားဒီဂီယာဟာ လိဒ်ယူနိုက်တက်နဲ့ကစားတဲ့ပွဲမှာ လိဂ်ပွဲစဉ် ၄၀၀ ပြည့်မြောက်ခဲ့ပြီး ဗြိတိန်နဲ့ အိုင်ယာလန်သားမဟုတ်တဲ့ဂိုးသမားတွေထဲမှာ အသင်းတစ်သင်းအတွက် ပွဲ ၄၀၀ အထိကစားနိုင်ခဲ့တဲ့ ပထမဆုံးဂိုးသမားဖြစ်လာပါတယ်။

ဒီဂီယာဟာ  ၂၀၁၁ ခုနှစ်က စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ကနေ ပေါင် ၁၉ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး အဲဒီကတည်းက မန်ယူအသင်းရဲ့ ပထမဦး စားပေး ဂိုးသမားဖြစ်လာခဲ့တာပါ။

ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံသားမဟုတ်တဲ့ ကစားသမားတွေထဲမှာဆိုရင်တော့ ဒီဂီယာထက် ပရီးမီးယားလိဂ် ပွဲပိုများတဲ့ ကစားသမားက ၅ ဦးသာရှိပြီး သူတို့က အသင်းတစ်သင်းထဲမှာ ကစားခဲ့တာတော့ မဟုတ်ပါဘူး။

အဲဒီကစားသမားတွေက သြစတြေးလျဂိုး သမားရှဝါဇာက ၅၁၄ ပွဲ၊ ပြင်သစ်နောက်ခံလူ ဒစ္စတင်က ၄၆၉ ပွဲ၊ အမေရိကန်ဂိုးသမား ဖရီဒယ်က ပွဲ ၄၅၀၊ ချက်ဂိုးသမား ပီတာချက်က ၄၄၃ ပွဲနဲ့ ဖင်လန်ဂိုး သမား ဂျက်ကယ်လိုင်နမ် က ၄၃၆ ပွဲ ကစားခဲ့တာပါ။

ဒီဂီယာဟာ အသက် ၃၂ နှစ်၊ ၉၇ ရက်နဲ့ ပွဲ ၄၀၀ ကစားခဲ့တာဖြစ်လို့ ပရီးမီးယား လိဂ်ပွဲ ၄၀၀ ပြည့်မြောက်ခဲ့တဲ့ အသက်အငယ်ဆုံးဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။