အက်သလက်တီကို ကွင်းလယ်ကစားသမား ဆော ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

4538783385565

တစ်ရာသီလုံး ခြေစွမ်းပြကစားခဲ့သော ကွင်းလယ်လူ ဆောနီဂွတ်စ်ကို အက်သလက်တီ ကိုမက်ဒရစ်က တစ်နှစ် သက်တမ်းတိုး၍ ၂၀၂၁ အထိ စာချုပ် ချုပ်ဆိုလိုက်သည်။

အသက် (၂၁) နှစ်အရွယ် ကစားသမားသည် ချန်ပီယံလိဂ် ပ-အကျော့တွင် ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ပွဲ၌ ရင်သပ် ရှုမောဖွယ် တစ်ကိုယ်တော်ဂိုး သွင်းယူခဲ့ပြီး စပိန်လက်ရွေးစင်အသင်းသို့ ပထမဆုံးအကြိမ် ခေါ်ယူခံရကာ ဒဲလ်ဘော့စကေး၏ ယူရို ၂၀၁၆ အသင်း၌ ပါဝင်လာသည်။

 ‘‘ကျွန်တော် ဒီဂျာစီအင်္ကျီကို ဆက်လက်ကာကွယ်ခွင့်ရတာ အလွန်ပျော်ရွှင်မိပါတယ်’’ဟု ဆောက အသင်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားသည်။

ဆောသည် ရီးရဲလ်မက်ဒရစ် လူငယ်စီမံကိန်းတွင် ပါဝင်ခဲ့ပြီး ၂၀၀၇ က မြို့ခံပြိုင်ဘက် အက်သလက်တီကို အကယ်ဒမီသို့ ရောက်ရှိခဲ့သည်။ ၂၀၁၂ က ဘက်ဆစ်ကတ်နှင့် ယူရိုပါလိဂ်ပွဲတွင် အက်သလက်တီကို အသင်း၌ ပထမဆုံး ပါဝင်ကစားခဲ့ပြီး ယခုရာသီတွင် ၄၅ ပွဲ၌ ရှစ်ဂိုး သွင်းယူခဲ့သည်။

 -Ref;Reuters


Leave a Reply