“ဆဗီလားအသင်း ၃ နှစ်ဆက် ချန်ပီယံဖြစ်ခဲ့တဲ့ ယူရိုပါလိဂ်”

13227585_1717101418542742_2590780539565320462_o

“လီဗာပူးလ် ၁ဂိုး-၃ဂိုး ဆဗီလား”

လက်ရှိချန်ပီယံဆဗီလားအသင်းဟာ ဒုတိယပိုင်းမှာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး လီဗာပူးလ်ကို အနိုင်ယူခဲ့လို့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၃နှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပါပြီ။ ပထမပိုင်းမှာ လီဗာပူးလ်ဟာ ခြေစွမ်းအသာ၊ ဂိုးသွင်းခွင့် အသာနဲ့ ကစားခဲ့ပြီး အခွင့်အရေး တွေများစွာရခဲ့ပါတယ်။ အထူးသဖြင့် လီဗာပူးလ်ရဲ့ လျင်မြန်နှုန်းကို ဆဗီလား မယှဉ်နိုင်ခဲ့ပါဘူး။ ၃၅မိနစ်မှာ စတားရစ်ခ်ျက လှလှပပကန်သွင်းပြီး လီဗာပူးလ်အတွက် ဦးဆောင်ဂိုး ကိုရယူခဲ့ပါတယ်။ ဒီဂိုးအပြီးမှာလည်း အပိုင်ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့ပါဘူး။ ကွင်းလယ်ဒိုင်လူကြီးဖြစ်သူ ဆွီဒင်လူမျိုး အဲရစ်ဆင်ကလည်း လီဗာပူးလ်ရဲ့ ပင်နယ်တီရနိုင်မယ့် အခွင့်အရေးတွေကို မပေးခဲ့လို့ ဆဗီလား ကံကောင်းခဲ့တာပါ။
ဒုတိယပိုင်းပြန်စပြီး ၁၇စက္ကန့်မှာဘဲ ဆိုရီယာနိုပေးတာကနေ ကီဗင်ဂမဲရိုးလ်က ချေပဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးဟာ လီဗာပူးလ်နောက်ခံလူ မိုရီနိုအမှားကနေ ပေးလိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆဗီလားက ဖိကစားခဲ့ပြီး အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ၆၄မိနစ်နဲ့ ၇၀မိနစ်တွေမှာ ဆဗီလားအသင်းခေါင်းဆောင် ကိုကေက နှစ်ဂိုးဆက် သွင်းခဲ့လို့ ဆဗီလားက ၃ဂိုး-၁ဂိုးနဲ့နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆဗီလားအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၃နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ပြီး ၁၁နှစ်အတွင်းမှာ ၅ကြိမ်ချန်ပီယံဖြစ်လာခဲ့ကာ လာမယ့်နှစ် ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေ တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါတယ်။

“နောက်ဆုံး ၇နှစ်ယူရိုပါလိဂ်ဖိုင်နယ်ရလဒ်များ”

*အက်သလက်တီကို ၂-၁ ဖူလ်ဟမ် ( ၂၀၀၉-၁၀)

*ပေါ်တို ၁-၀ စပို့တင်းဘရာဂါ (၂၀၁၀-၁၁)

*အက်သလက်တီကို ၃-၀ ဘီဘာအို ( ၂၀၁၁-၁၂)

*ချယ်လ်ဆီး ၂-၁ ဘင်ဖီကာ ( ၂၀၁၂-၁၃)

*ဆဗီလား ၀-၀ ဘန်ဖီကာ ( ၂၀၁၃-၁၄)   (ပင်နယ်တီနဲ့ ဆဗီလားနိုင်)

*ဆဗီလား ၃-၂ ဒီနီပရို ( ၂၀၁၄-၁၅)

*ဆဗီလား ၃-၁ လီဗာပူးလ် ( ၂၀၁၅-၁၆)

-Ref; BBC


Leave a Reply