နိုင်ငံတကာ သွင်းဂိုးအများဆုံး ထိပ်တန်းကစားသမား ၁၀ ဦးစာရင်းသို့ စီရော်နယ်ဒို ၀င်ရောက်လာ

ပေါ်တူဂီအသင်းက ဆွီဒင်အသင်းကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ သောကြောင့် စီရော်နယ်ဒိုသည် နိုင်ငံတကာ သွင်းဂိုးအများဆုံး ထိပ်တန်းကစားသမား ၁၀ ဦးစာရင်းသို့ ၀င်ရောက်လာခဲ့သည်။

 

ပေါ်တူဂီအသင်းက ဟန်ဂေရီအသင်းကို ၃-၀ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် စီရော်နယ်ဒိုသည် သူ၏ ကစား သမားဘ၀ တစ်လျှောက် နိုင်ငံတကာသွင်းဂိုး ၆၉ ဂိုးနှင့် ဂိုး ၇၀ မြောက်သွင်းဂိုးများကို သွင်းယူခဲ့သည်။ ထို့နောက် ဆွီဒင်နှင့်ပွဲတွင် ၇၁ ဂိုးမြောက်သွင်းဂိုးကို သွင်းယူခဲ့သည်။

ကမ္ဘာ့ဘောလုံးလောကတွင် နိုင်ငံတကာ သွင်းဂိုးအများဆုံး သွင်းယူထားသည့် ကစားသမားမှာ အီရန် တိုက်စစ်မှူး အလီဒါယီဖြစ်ပြီး ၁၀၉ ဂိုးသွင်းယူထားသည်။

၎င်း၏နောက်ဒုတိယ အများဆုံးဂိုးသွင်းယူနိုင်သူမှာ ဟန်ဂေရီဂန္ထ၀င်ကစားသမားကြီး ပွတ်ရှ်ကပ်ဖြစ်သည်။ နိုင်ငံတကာ သွင်းဂိုးအများဆုံး သွင်းယူထားသည့် ထိပ်တန်းကစားသမား ၁၀ ဦးတွင် ငါးဦးမှာ အာရှမှဖြစ်သည်။

လက်ရှိထိုင်းအသင်းနည်းပြ ထိုင်းတိုက်စစ်မှူးဟောင်း ကိုင်တီဆတ်မှာလည်း ထို ၁၀ ဦးစာရင်းတွင် ပါဝင်နေပြီး ၇၁ ဂိုးအထိသွင်းယူနိုင်ခဲ့သည်။

စီရော်နယ်ဒိုသည် ဥရောပတွင်မူ တတိယနိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားဖြစ်လာသည်။ ၎င်းထက် ပိုမိုဂိုးသွင်းယူထားသူများမှာ ပွတ်ရှ်ကပ် ၈၄ ဂိုးနှင့် ကော့စစ် ၇၅ ဂိုးတို့ ဖြစ်သည်။

-Ref; Goal.com