၂၇ မီတာမြင့် တောင်စောင်းမှ ဒိုင်ဗင်ထိုးရသည့် နိုင်ငံတကာ ချန်ပီယံရှစ် ဒိုင်ဗင်ပြိုင်ပွဲ ကျင်းပ

ခရိုင်းမီးယားကျွန်းဆွယ် ယော်တာမြို့အနီးမှာ သြဂုတ် ၁၈ ရက်နေ့က နိုင်ငံတကာ ချန်ပီယံရှစ် ဒိုင်ဗင်ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကမ္ဘာတဝှမ်းက ဒိုင်ဗင်သမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲဝင်တွေဟာ ၂၇ မီတာမြင့်တဲ့ တောင်စောင်းကနေ အောက်ကို ဒိုင်ဗင်ထိုးရပြီး  ရာနဲ့ချီတဲ့ ပရိသတ်တွေဟာ လှေတွေနဲ့ ကမ်းခြေပေါ်ကနေ အဲဒီပြိုင်ပွဲကို အားပေးခဲ့ပါတယ်။

အဲဒီပြိုင်ပွဲကို ရုရှာားး၊ အမေရိကန်၊ ဗြိတိန်၊ လူဇင်ဘတ်၊ ပိုလန်၊ ပြင်သစ်၊ ယူကရိန်း၊ မက္ကဆီကိုနဲ့ ကိုလံဘီယာတို့က ပြိုင်ပွဲဝင် ၁၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ မနှစ်တုန်းက ချန်ပီယံရှစ်ဆုရှင် ဗြိတိန်နိုင်ငံသား ဂယ်ရီဟန့်ပဲ ဗိုလ်စွဲခဲ့ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၆ဝဝဝ ရရှိခဲ့ပါတယ်။ 

DVB