ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်၌ မက်ဗီဒက်ဗ် ချန်ပီယံဖြစ်ခဲ့

ဒူဘိုင်းကမ္ဘာ့တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ်မှာ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်က ချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ မက်ဗီဒက်ဗ်နဲ့ တစ်နိုင်ငံတည်းသား အန်ဒရေ ရူဘလက်ဗ်တို့ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရူဘလက်ဗ်ဟာ အခုပွဲမှာချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် မက်ဗီဒက်ဗ်ကလည်း တည်ငြိမ်တဲ့ လက်စွမ်းနဲ့ ပြန်လည်ယှဉ်ပြိုင်ခဲ့လို့ အခက်တွေ့ ခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် (၁)နာရီကျော်ကြာမြင့်ခဲ့ပြီးနောက်မှာ မက်ဗီဒက်ဗ်က (၆:၂၊၆:၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံ ဆုကို ရရှိ သွားခဲ့တာဖြစ်ပါတယ်။ အခုချန်ပီယံဆုဟာ မက်ဗီဒက်ဗ်အတွက်တော့(၃)ပတ် အတွင်း ရခဲ့တဲ့ တတိယ မြောက် ချန်ပီယံ ဆုလည်းဖြစ်ခဲ့ပါတယ်။ မက်ဗီဒက်ဗ်ဟာ အခုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ကမ္ဘာ့အဆင့်(၁)တင်းနစ်သမား ဂျိုကိုဗစ်ကိုအနိုင်ယူပြီးဗိုလ်လုပွဲကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။