ဘာစီလိုနာကို အနိုင်ယူပြီး မန်ယူနိုက်တက် ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်

ယူရိုပါလိဂ် (၃၂) သင်းအ‌ဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် မန်ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ အိုလ်းထရပ်ဖိုစ့်ကွင်းမှာ ယှဉ်ပြိုင်ကစားရာမှာ မန်ယူနိုက်တက်က ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဘာစီလိုနာကို အနိုင်ရခဲ့ပြီး (၁၆) သင်းရှုံးထွက် အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

၂ သင်းလုံးဟာ ပွဲစတယ်ဆိုထဲက တစ်ဖက်နဲ့ တစ်ဖက် ဖိအားပေးကစားခဲ့လို့ အကြိတ်အနယ်ရှိခဲ့ပြီး ပွဲကစားချိန် ၁၈ မိနစ်မှာပဲ အငြင်းပွားဖွယ်ရာ ပင်နယ်တီပြစ်ဒဏ်ဘောကို လီ၀န်ဒေါစကီးက သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်မှာ ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ ဘာစီလိုနာအသင်းက ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း စစချင်းမှာတော့ ဘာစီလိုအသင်းနောက်တန်းကစားသမားတွေရဲ့အမှားကို အခွင့်ကောင်းယူပြီး မန်ယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်စ်က ချေပဂိုး သွင်းယူနိုင်ခဲ့ကာ ပွဲကစားချိန် ၇၃ မိနစ်မှာတော့ အန်တိုနီက မန်ယူနိုက်တက်အတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ ပွဲပြီးဆုံးသွားပါတယ်။

မန်ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ယူရိုပါလိဂ် (၃၂) သင်းအ‌ဆင့် ရှုံးထွက်ပွဲစဉ် ပထမအကျော့အဖြစ် ဘာစီလိုနာအိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင်ခဲ့တုန်းက တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယအကျော့အဖြစ် မန်ယူနိုက်တက်အိမ်ကွင်း အိုလ်းထရပ်ဖိုစ့်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အခါမှာ မန်ယူနိုက်တက်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၃ ဂိုး နဲ့ (၁၆) သင်း ရှုံးထွက်အ‌ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဘာစီလိုနာအသင်းကတော့ (၃၂) သင်းအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။