အိန္ဂ်ယ္ဂြီလာမုိကုိ နည်းပြအဖြစ်ခန့်အပ်လိုက်သည့် ဘိုလီဗီးယား

13900334_1062511823843638_5530925602302266808_n

ဘိုလီဗီးယားဘောလုံးအဖွဲ့ချုပ်သည် လစ်လပ်နေသော လက်ရွေးစင်နည်းပြချုပ်နေရာတွင် အိန်ဂျယ်ဂွီလာမိုကို ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

ယခင်နည်းပြဟောင်း ဂျုလီယိုဆီဆာသည် ဘိုလီဗီးယားနည်းပြချုပ် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် (၁၁)ပွဲတွင် (၁၀)အထိ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဘိုလီဗီးယား ဘောလုံးအဖွဲ့ချုပ်က ဂျုလီယိုဆီဆာကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့သော ဂွီလာမိုသည် ယခင်က နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးဖြစ်ပြီး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရလာဒ်ဆိုးများဖြင့် ရင်ဆိုင်နေရသော ဘိုလီဗီးယားအသင်းကို ကယ်တယ်ရန် ဂွီလာမိုကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်ကြောင်း ဘိုလီဗီးယား ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန် ကြေငြာသွားခဲ့သည်။

Ref: soccernews


Leave a Reply