ကမ္ဘာ့ ပထမဆုံး အနေနဲ့ AI က လေ့ကျင့်ရေး လေယာဉ်ကို ၁၇ နာရီကျော် မောင်းနှင်နိုင်ခဲ့

လေ့ကျင့်ရေး လေယာဉ် Lockheed Martin VISTA X-62A ကို AI က ကမ္ဘာ့ ပထမဆုံး အကြိမ် မောင်းနှင်နိုင်ခဲ့ပါတယ်။ လူသား ပိုင်းလော့ မပါဘဲ ၁၇ နာရီကျော်ကြာ မောင်းနှင်ခဲ့တာလို့ သိရပါတယ်။

အခု စမ်းသပ်ပျံသန်းမှုကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် Edwards Air Force Base က U.S. Air Force Test Pilot School (USAF TPS) မှာ ပြုလုပ်ခဲ့တာပါ။

VISTA (Variable In-flight Simulation Test Aircraft) ကို Lockheed Martin Skunk Works နဲ့ Calspan Corporation တို့ ပူးပေါင်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Open System Architecture နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး တခြား လေယာဉ် တစ်စီးလို မောင်းနှင်နိုင်တဲ့ Software ထည့်သွင်းထားပါတယ်။

VISTA ကို အမေရိကန် လေတပ်ရဲ့  AI နည်းပညာအတွက် ဆက်လက် အသုံးပြုမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စမ်းသပ်စစ်ဆေးမှုများစွာ ပြုလုပ်နေပြီး ၂၀၂၃ ခုနှစ် ၁ ခုလုံးမှာ Edwards Air Force Base မှာ စမ်းသပ်ပျံသန်းမှုများစွာ ပြုလုပ်မှာပါ။

Ref : inceptivemind