ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်တဲ့နေ့မှာ ရိုးရာအဆင်အယင် အပြည့်အစုံနဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ စီရော်နယ်ဒို

မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ဟာ ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ ၁၇၂၇ ခုနစ်တုန်းက အီမာန် မိုဟာမက် ဘင်ဆာ့ဒ်ကနေပြီး နိုင်ငံစတင်တည်ထောင်ခဲ့တာကို အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ထား ဖြစ်ပါတယ်။ အများပြည်သူ အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး နိုင်ငံတစ်ဝန်ူမှာ ပျော်ပွဲရွှင်ပွဲတွေကိုလည်း ကျင်းပပြုလုပ်ပေးလေ့ရှိပါတဘ်။

ဒီနှစ်မှာတော့ ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်တဲ့နေ့နဲ့ အထိမ်းအမှတ်အခမ်းအနားတွေကို တစ်ကမ္ဘာလုံးက သိရှိသွားခဲ့ပါတယ်။ ဘယ်သူ့ကြောင့်လဲဆိုတော့ ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာအသင်းဆီကို ကမ္ဘာ့လုပ်ခ လစာအများဆုံးရစံချိန်နဲ့ လာရောက်ကစားနေသူ စီရော်နယ်ဒို ကြောင့်ပါပဲ။

စီရော်နယ်ဒို ဟာ အယ်လ်နတ်စ်ဆာအသင်းဖော်တွေနဲ့အတူ ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်တဲ့နေ့ အထိမ်းအမှတ်အခမ်းအနားဆီကို တက်ရောက်လာခဲ့ပြီး ဆော်ဒီအာရေဗျရိုးရာဝတ်စုံအပြည့်နဲ့ ရိုးရာဓားကို ကိုင်ဆောင်ထားတဲ့ စီရော်နယ်ဒိုရဲ့ပုံရိပ်တွေက သတင်းဝက်ဘ်ဆိုက်အသီးသီးဆီ ပျံ့နှံ့ရောက်ရှိသွားခဲ့ရာကတစ်ဆင့် ဒီနေ့ဟာ ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်တဲ့နေ့ ဆိုတာကို မသိရှိသေးတဲ့သူတွေတောင် သိသွားခဲ့တာပဲ ဖြစ်ပါတဘ်။

စီရော်နဘ်ဒို ဟာ ဆော်ဒီအာရေဗျ ရိုးရာဝတ်စုံကို ဝတ်စုံကာ ရိုးရာဓားကို ကိုင်ဆောင်ခဲ့တဲ့အပြင် အာဒါးအက ကခုန်ချိန်မှာလည်း အယ်လ်နတ်စ်ဆာအသင်းဖော်တွေနဲ့အတူ ပါဝင်ဆင်နွှဲသွားခဲ့တယ်လို့ သိရှိရပါတယ်။

ဆော်ဒီအာရေဗျ ရိုးရာဝတ်စုံကို ဝတ်စုံပြည့် စတိုင်ကျကျ ဝတ်ဆင်ပြီး ဆော်ဒီအာရေဗျ ရိုးရာဆောင်ဓား ကိုင်ဆောင်ကာ ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်တဲ့နေ့ အခမ်းအနားဆီ တက်ရောက်ပါဝင်ဆင်နွှဲနေတဲ့ စီရော်နဘ်ဒိုရဲ့ရုပ်ပုံတွေကို အွန်လိုင်းမှာ မျှဝေမှုတွေကလည်း မြင့်တက်နေတယ်လို့ သိရှိရပါတယ်။ အခုဆိုရင် ဆော်ဒီအာရေဗျနိုင်ငံသားတွေက စီရော်နယ်ဒိုကို ရှိတ်ခ် အယ်လ် ခရစ္စတီယာနို ရော်နယ်ဒို လို့ နာမည်မှည့်ခေါ်နေကြပြီလည်း ဖြစ်ပါတယ်။