ပြင်သစ်၌ ကျောင်းသားက ဆရာမအား ဓားဖြင့် ထိုးသတ်

စန့်ရွန်းဒလူး၊ဖေဖော်ဝါရီ ၂၃

ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦးသည် ဆယ်ကျော်သက်အရွယ် ကျောင်းသားတစ်ဦး၏ ဓားဖြင့်ထိုးမှုကြောင့်သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရရှေ့နေကပြောကြားခဲ့သည်။

အဆိုပါကျောင်းသား၏ ဓားဖြင့်ထိုးနှက်မှုခံရသောဆရာမသည် အသက် ၅၀ အရွယ်သာရှိပြီး ဖြစ်ဖြစ်ချင်းဆေးရုံ ပို့ပေးနိုင်ရန်ကြိုးပမ်းခဲ့သော်လည်း  အသက်မမှီပဲ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းအား ဓားဖြင့်ထိုးခဲ့သည့် ကျောင်းသားကိုလည်း ချက်ချင်းဖမ်းမိခဲ့သည်ဟုသိရသည်။

အဆိုပါကျောင်းသားသည် အသက် ၁၆ နှစ်သာရှိသေးကာ စာသင်ခန်းအတွင်း၌ဆရာမစာသင်နေစဉ် အခန်းထဲသို့ တဟုန်ထိုးပြေးဝင်လာကာ ဆရာမအားဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ထွက်ဆိုချက်၌ အခြားဆရာတစ်ဦးက အဆိုပါဆရာမအားတိုက်ခိုက်ရန်ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးကလည်း ဆရာမသေဆုံးခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းပြောကြားခဲ့ပြီး သေဆုံးသူ ဆရာမ၏ မိသားစု၊လုပ်ဖော်ကိုင်ဖက်နှင့်တပည့်များနှင့် ထပ်တူစိတ်မကောင်းဖြစ်ကြောင်းဆိုကာ အခင်းဖြစ်နေရာသို့ သွားကာ အားပေးစကားပြောကြားမည်ဖြစ်ကြောင်းလည်းဆိုခဲ့သည်။