ဒိုင်ဘာလာ၏ ပြောင်းရွှေ့ကြေးအတွက် စပါးသဘောတူညီမှုရ

စပါးအသင်းသည် ဂျူဗင်တပ် ကွင်းလယ်တိုက်စစ်မှူး ဒိုင်ဘာလာ အားခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမန်ယူနှင့်အပြောင်းအရွှေ့ ကိစ္စများ ပျက်ပြယ်ခဲ့ပြီးနောက် ဒိုင်ဘာလာကို ခေါ်ယူရန်စပါးက ပြန်လည်ကြိုးစားလာ ခြင်းဖြစ်သည်။

ယခင်က ကမ်းလှမ်းခဲ့သည့် ပြောင်းရွှေ့ကြေးထက် တိုးမြှင့်ပေးကာ ပေါင် ၆၄ ဒသမ ၄ သန်း ဖြင့် သဘောတူညီမှု ရနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် စပါးသည် ဒိုင်ဘာလာနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ် နိုင်တော့မည်ဖြစ်သည်။ ဒိုင်ဘာလာ သည် မန်ယူနှင့်အပြောင်းအရွှေ့ ကိစ္စဆွေးနွေးစဉ်က တစ်ပတ်လစာ ကို ပေါင် ၃၅ဝဝဝဝ အထိတောင်းဆိုခဲ့သူဖြစ်၍ ကစားသမား၏လစာ ကိစ္စမှာအဓိကညှိနှိုင်းရမည့်ပြဿနာ ဖြစ်နေသည်။ စပါးသည် ကစားသမားများအား လစာမြင့်မားစွာ ပေးလေ့မရှိသောအသင်းဖြစ်ပြီး ဒိုင်ဘာလာကိုလည်း တစ်ပတ် လစာ ပေါင် ၃ဝဝဝဝဝ ဝန်းကျင်သာအမြင့် ဆုံးပေးနိုင်မည့်အခြေအနေရှိသည်။ စပါးနှင့် ဆက်စပ်သတင်း တစ်ရပ်တွင် ဘာစီလိုနာကွင်းလယ်ကစားသမား ကော်တင်ဟိုကိုလည်း အငှားခေါ်ယူရန် ကြိုးစားနေသည်ဟု သိရသည်။  Ref ; Dailymail