ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ပရိသတ်များလုံခြုံရေးအတွက် ရုရှားသံအမတ် အာမခံချက်ပေး

အခုနွေရာသီမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်ကြည့်ရှူ့မယ့် အင်္ဂလန်ပရိသတ်တွေ ဘေးကင်း လုံခြုံမှု ရှိမယ်လို့ ရုရှားသံအမတ်ကြီး ယာကိုဗန်ကိုက အာမခံချက်ပေးခဲ့ပါတယ်။

ရုရှားအေးဂျင့်ဟောင်း ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခံရမှုအတွက် ရုရှားကို ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ ဝေဖန်ပြစ်တင်မှုတွေ လုပ်ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာတာကြောင့် အခုနွေရာသီမှာ ရုရှား ကမ္ဘာ့ဖလားကို သွားရောက်မယ့် အင်္ဂလန်ပရိသတ်တွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး သံသယတွေ ပိုမိုမြင့်တက် လာခဲ့ပါတယ်။ ရုရှားသံအမတ်ကြီးကတော့ ရုရှားကို လာရောက်မယ့် အင်္ဂလန်ပရိသတ်တွေ လုံခြုံမှု ရှိမယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ အာမခံပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရုရှားကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နာဇီဂျာမနီတို့ ကျင်းပခဲ့တဲ့ ၁၉၃၆ အိုလံပစ်ပြိုင်ပွဲနဲ့ ခိုင်းနှိုင်းခဲ့တဲ့ ဗြိတိန် နိုင်ငံခြာရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် ရဲ့ မှတ်ချက်ပြုမှုဟာ စော်ကားမှုသာဖြစ်ပြီး လက်မခံနိုင်စရာလို့ ရုရှားသံအမတ် ယာကိုဗန်ကိုက ပြောကြားခဲ့ပါတယ်။

 

-Ref; Sky sports