ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန် သြဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမတွင် ယနေ့နံနက် ၁ဝ နာရီက ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီအလုပ်အမှုဆောင် များဖြစ်ကြသော တိုင်းဒေသကြီးပါတီ တာဝန်ခံ ဦးခင်ရီ၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့က ဆိပ်ကြီး ခနောင်တိုမြို့နယ် အတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆိုလျက်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးအေးမြင့်က မြို့နယ် အတွင်း တက်ရောက်လာကြသူ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် မိတ်ဆက်ပေးကာ ပါတီတွင်းဆောင်ရွက်ခဲ့မှု အခြေ အနေများကို တင်ပြခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ယမန်နေ့ တွေ့ဆုံပွဲတွင် ယခုလိုစုံလင်စွာတက် ရောက်လာသည့်အတွက် ဝမ်းမြောက်ပါ ကြောင်း၊ ပါတီဝင်များအနေဖြင့် ပါတီအောင်နိုင်ရေးကိစ္စများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ၊ စည်းရုံးရေးရာကိစ္စများ စသည်တို့တွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးကြ ပါရန်နှင့် ပါတီမူဝါဒများအား ရှင်းလင်း မှာကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူ ရပ်ကျေးပါတီဝင်များက ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရပ်ရပ်နှင့် ပတ်သက်သည့် သိရှိလိုသည်များအားမေးမြန်းရာ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး နိဂုံးချုပ်အမှာစကားပြော ကြားကာ အခမ်းအနားကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီများ၊ တောင်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးလွင်ဦး နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးအေးမြင့်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက် (၉) ရပ်ကွက်မှ ရပ်ကျေးပါတီဝင်များ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။ဝင်းမြင့်ဦး(ဆိပ်/တို)