အမျိုးသမီးတင်းနစ်လောက၏ ဝင်ငွေရရှိမှုစာရင်းတွင် ဆရီနာဝီလျံထိပ်ဆုံးမှရပ်တည်

အမျိုးသမီးတင်းနစ်လောက၏ ဝင်ငွေရရှိမှုစာရင်းတွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံက ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ ဆရီနာဝီလျံသည် နောက်ပိုင်းနှစ်များတွင် အောင်မြင်မှုရရန် ရုန်းကန်နေရသော်လည်း ၄င်း၏ပျမ်းမျှတစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂ သန်းခန့်ရှိနေသေးသည်။

၎င်းနောက်တွင် ဂျပန်တင်းနစ်မယ် နာအိုမိအိုဆာကာက ၂၄ ဒသမ ၃ သန်းဖြင့် ရပ်တည်နေသည်။ ကစားသမားများ၏ လစာ၊ ဆုကြေးနှင့်အခြားစပွန်ဆာဝင်ငွေများကို တွက်ချက်၍ Forbes မှ ထုတ်ပြန်ခြင်းဖြစ်သည်။ Ref ; Reuters