၂၀၂၃ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲဝင်ကလပ်အသင်းများအား ထောက်ပံ့ကြေးကျပ်သိန်း ၅၀၀ စီပေးမည

၂၀၂၃ ဘောလုံးရာသီတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာနေရှင်လိဂ်-၁ ပြိုင်ပွဲဝင်အသင်းများအား တစ်သင်းလျင် ထောက်ပံ့ကြေးကျပ်သိန်း ၅၀၀ စီပေးမည်ဟု ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီကပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး ၁/၂၀၂၃ မှဆုံးဖြတ်ခဲ့သည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲဝင် ကလပ်အသင်းများကိုလည်း တစ်သင်းလျင် ထောက်ပံ့ကြေးကျပ်သိန်း ၂၀၀ စီ၊ အမျိုးသမီးလိဂ်ပြိုင်ပွဲဝင်ကလပ်အသင်းများအား တစ်သင်းလျင် ထောက်ပံကြေးကျပ်သိန်း ၁၅၀ စီ ထောက်ပံ့သွားရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

ထို့အတူ လာမည့် ၂၀၂၄ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲအား နိုင်ငံတကာဘောလုံးပြိုင်ပွဲများနည်းတူ သြဂုတ်လမှသာ စတင်ကျင်းပသွားရန် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ၂၀၂၃ ဘောလုံးရာသီ၏ ပွဲစဉ် ၆ မှစ၍ ပရိသတ်များအား ကွင်းအတွင်းဝင်ရောက်ကြည့်ရှုခွင့်ပြုရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအား ပိုမိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဘဏ္ဏာ‌ငွေပိုမိုရှာဖွေနိုင်ရန် Marketing and Finance Sub-Committee အား ဦးဇော်မင်းသိန်းမှ အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူ၍ နေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းများအနက် အသင်း ၈ သင်း၏ ပိုင်ရှင်များ၊ အသင်းဥက္ကဋ္ဌများ၊ အသင်း CEO များက အဖွဲ့ဝင်များအဖြစ် ပါဝင်ကာ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။