(၁၁) ကြိမ်မြောက် ဂရင်းစလန်းဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရာဖေးလ်နာဒယ်

ကမ္ဘာ့အဆင့်(၁) စပိန်တင်း နစ်ချန်ပီယံ ရာဖေးလ်နာဒယ် သည် သြစတြီးယားမှ ဒိုမီနစ်သီ ယန်ကို ၆-၄ ၊ ၆-၃၊ ၆-၂ ဖြင့် အပြတ်အသတ်အနိုင်ရပြီး ၎င်း၏ (၁၁) ကြိမ်မြောက် ပြင်သစ်အိုးပင်းဖလားကို ရယူကာ စံချိန်တင်ခဲ့ သည်။

 ဂရင်းဆလမ်ဗိုလ်လုပွဲသို့ ပထမဆုံး တက်ရောက်လာသော သီယန်သည် နာဒယ်ကို ပွဲအစတွင် အနည်းငယ် နောက်မှ လိုက်  ကစားနိုင်ခဲ့သော်လည်း အပြတ် အသတ် ရှုံးနိမ့်ခဲ့သည်။

ချန်ပီယံ (၁၀)ကြိမ် ဖြစ်ဖူးသော နာဒယ်(၃၂)နှစ်သည် ကမ္ဘာ့နံပါတ်(၈) သီယန်ကို ဗိုလ်လုပွဲတွင် အခက်အခဲမရှိ အနိုင်ယူကာ ၎င်း၏ မြေစေးကွင်းဘုရင်ဂုဏ်ပုဒ်နှင့်အညီ (၁၁)ကြိမ်မြောက် ချန်ပီယံဖြစ်လာသည်။

နာဒယ်က ပြိုင်ဘက်သီယန် ၏ ယှဉ်ပြိုင်ပုံကောင်းမွန်ကြောင်း နှင့် လာမည့်နှစ်များတွင် ဗိုလ်စွဲနိုင်ကြောင်း အားပေးစကားပြော ကြားသည်။ နာဒယ်သည် ၂၀၀၅ မှ ၂၀၀၈ အထိ၊ ၂၀၁၀ မှ ၂၀၁၄ အထိနှင့် ၂၀၁၇-၁၈ တို့တွင် ပြင် သစ်အိုးပင်းပြိုင်ပွဲကို တောက် လျှောက်ဆိုသလို ကြီးစိုးနိုင်ခဲ့သည်။

 လာမည့်သီတင်းပတ်အတွင်း ကမ္ဘာ့အဆင့် ပြောင်းလဲ သတ်မှတ်စဉ် နံပါတ် (၁) အဖြစ် ဆက်ရှိနေမည့် နာဒယ်က ‘‘ (၁၁) ကြိမ် ဗိုလ်စွဲဖို့ဆိုတာ အိပ်မက်တစ်ခုပါ၊ သီယန်ဟာ လာမယ့်နှစ်တွေမှာ ဗိုလ်စွဲမယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်’’ ဟု ပြောသည်။        

—Ref: BBC